"""""""""""""""""အထုပ်အပိုးတွေကို
ဧည့်ခန်းမှာ ပစ်ချခဲ့ပြီးမှ
အခန်းထဲ ဆတ်တောက်ဆတ်တောက်
တက်သွားသည်
ဒီကောင်တော့.......
ခုတလော အချိုးတို့က တစ်မျိုးကိုယ့်ကိုများ စိတ်ဆိုးလိုက်ရတာနဲ့
စိတ်ကောက်လိုက်ရတာနဲ့
ခုပြဿနာကလည်း ဘာမှအရေးကြီး
သည်မဟုတ်
မနေ့တနေ့ကပဲ Honeymoon
သွားခဲ့ကြပြီး ဒီနေ့ပဲ ပြန်ခဲ့ကြတာ
လေဆိပ်မှာ နိုင်ငံခြားထွက်သွားခဲ့တဲ့
မိန်းမနဲ့တွေ့တာမို့
ခဏရပ်ပြီး မေးခွန်းလေးတွေ
ဖြေပေးလိုက်ရုံလေး.....
ဒါကို ကောက်တော်မူသည်အထုပ်အပိုးတွေကို
နှစ်ခေါက်ပြန်သယ်ပြီး တက်ခဲ့တော့
ကိုယ့်ယောက်ျားအမျိုးကောင်းသား
လေးက ရေချိုးပြီးလို့ပင်
ထွက်ခဲ့လေပြီ
ဒေါသတို့က ထောင်းကနဲ"ဘာလို့ ငါ့ကို ရေချိုးမစောင့်တာလဲ"
ရေအတူတူချိုးခဲ့တာပဲ ကြာ ကြာလှပြီ
အကျင့်ပင်ဖြစ်နေလေပြီ"မင်းရဲ့ EX ကြီးနဲ့သွားချိုးလေ..."
အား....တကယ်ပါပဲ
ကိုယ် လမ်းမလျှောက်နိုင်သည့် အချိန်ကို
ပဲ ပြန်ရောက်လိုက်ချင်သည်
သူလည်းစကားမပြောရအောင်"Kit...ရယ် ငါတို့စကားပြောတယ်
ဆိုတာက.."ပြူးထွက်လာတဲ့မျက်လုံးကြောင့်
ကိုယ်စကားပြောမှားသွားခဲ့ပြီ"ငါတို့....ငါတို့လို့သုံးလိုက်တယ်ပေါ့..
ထွက်သွား......"ကြည့် တကယ်ကိုဆိုးသွမ်းလာတာ
မဟုတ်လား......
နည်းနည်းလေးမှစကားမှားလို့မရ
အသက်ကဖြင့် သုံးဆယ်နားကပ်နေပြီ
ကောက်တတ်လာတာ
ဆိုးတတ်လာတာဆိုတာဘုရားသခင်..
အရင်က Kit လေးကိုပြန်ပေးသနားပါ"အင်းပါ အင်းပါ ငါနဲ့ အဲ့မိန်းမနဲ့
စကားရပ်ပြောတယ် ဆိုတာက
မင်းအကြောင်းပါကွာ ကိုယ့်ရဲ့
Kit လေးကိုပိုင်ဆိုင်ခွင့်ရတာ
ဘယ်လောက်ကံကောင်းကြောင်း
ပြောတာပါ တခြား အပိုစကား
တစ်ခွန်းမှမပါပါဘူး"ပြောနေရင်း ညာတာပါတေး နဲ့
သူ့ခါးလေးနောက်ကနေ သိမ်းဖက်
လိုက်သည် မရုန်းဘူးဆိုတော့
အခြေအနေသိပ်မဆိုး
YOU ARE READING
Secret (Completed)
Short Storyပိုင်ဆိုင်လိုခြင်းတွေမရှိဘူး သူ့ကို အမြဲပျော်စေချင်တဲ့... အတ္တ တစ်ခုတော့ရှိတယ် သူမသိတဲ့အရပ်မှာနေထိုင်ရင်း သူ့ကို အများကပိုချစ်လာစေချင်တဲ့ အတ္တသေးသေးလေးနဲ့ ကမ္ဘာ တစ်ခုတည်နေခဲ့တဲ့သူ