Secret

1K 78 2
                                    


"""""""""""""""

"Kit..... ဒီလူတွေက ငါတို့ကို
သတ်မှာလား မသိဘူးနော်...."

မျက်ရည်စီးကြောင်းတွေကြားက
မေးလာတဲ့မေးခွန်း....
နှစ်ယောက်သားပူးကပ်ထိုင်နေရင်း
ထောင်ထားတဲ့ဒူးလေးတွေကို
လှမ်းဖက်မိသည်

"မကြောက်ပါနဲ့ကွာ မသတ်လောက်ပါဘူး
ပိုက်ဆံညစ်ချင်လို့ဖြစ်မှာပါ.."

တကယ်တမ်းက ကိုယ်ကိုတိုင်ကလည်း
ကြောက်နေမိသည်
တစ်ခါမှ ဒီလိုမဖြစ်ခဲ့ဖူး...
Sing ရဲ့မိဘတွေကချမ်းသာလွန်းလှ
သော်လည်း...ခုလိုတော့ဖြင့်
တစ်ခါမှမကြုံခဲ့ဖူးပါလေ...

"ဖေဖေ ငါတို့ကို လာကယ်မှာပါနော်
နော်....Kit.."

"သေချာပေါက် လာကယ်မှာပါကွာ
မင်းနဲ့ငါ့ကို မထိခိုက်စေပါဘူး"

Sing ကိုအားပေးနေရသော်ငြားလည်း
တကယ်လို့....သူတို့ခုလို
ဖမ်းခံထားရတာကို မသိရင်
ဘယ်လိုလာကယ်ကြမလဲ...ဆိုသည့်
အတွေးကြောင့် ဂဏှာမငြိမ်နိုင်ပါ

တံခါးဖွင့်သံနဲ့အတူ
လှမ်းဝင်လာတဲ့ ခြေထောက်တွေ
Sing ကို ပုခုံးကနေ အတင်းပင်
ဆွဲဖက်ထားမိသည်

"ဟေ့ကောင်လေး....ဒီမှာ မင်းအဖေကို
ဖုန်းပြောလိုက်ဦး....ငါတို့တောင်းထား
တာကို လိမ်လိမ်မာမာပေးလိုက်ဖို့
ပြောလိုက်စမ်း..."

နှစ်ယောက်သားပိုကျုံ့သည်ထက်ကျုံ့
အောင် ဖက်ထားလိုက်သည်
ခေါင်ငုံ့ထားပေမယ့် မျက်လုံးတို့ကတော့
လှန်ကြည့်နေမိဆဲ
အသံ တစ်စက်မှမထွက်

"ဟေ့....မင်းတို့အိမ်မပြန်ချင်ကြဘူးလား
အိမ်မြန်မြန်ပြန်ချင်ရင် မင်းတို့အဖေ
ကို မြန်မြန်လာကယ်ဖို့ပြော...ကြားလား
ပြောလေ.....ပြော..."

စူးစူးရဲရဲ အော်ဟစ်လိုက်တာမို့
ကိုယ်လုံးလေးနှစ်ခုက တုန်ကနဲ

"ဖေဖေ....ဖေဖေ...သားတို့ကိုလာကယ်ပါ
ဖေဖေ...."

မနေနိုင်စွာ Sing က ဖုန်းခွက်ရှိရာ
လှမ်းအော်သည်
သူတို့ကြောက်နေပြီ

"ကဲ....ခင်ဗျားသားရဲ့အသံကို
ကြားပါရဲ့နော်....အဲ့ဒီတော့
ကျုပ်ပို့ထားတဲ့ စာချုပ်မှာ လက်မှတ်ထိုးပြီး
ခင်ဗျားသားနှစ်ယောက်နဲ့လာ လဲ တော့"

Secret (Completed)Where stories live. Discover now