"""""""""Kit ကိုလက်ဆွဲနူတ်ဆက်နေတဲ့
Nam ကိုကြည့်ရင်း အားနာစိတ်
သေးသေးလေးတော့ ဖြစ်မိသည်
ကိုယ်ကသူ့ရည်းစားကိုလုယူမိသည်
မဟုတ်လား...သူတို့ကိုကြည့်လိုက်တော့လည်း
ဘာအာဃာတမှမရှိသလို
ပြုံးလို့ရယ်လို့ ပွေ့ဖက်ပြီး ကျောပြင်ကို
ပုတ်ပေးလိုက်သေးသည်Kitနဲ့လက်ထပ်မည်ဆိုတော့
နှစ်ဖက်မိဘက ဘာမှမပြောကြ
ဒုက္ခိတနှစ်ယောက်မို့ စိတ်ချမ်းသာသလို
လုပ်ကြပါစေ လို့များ လွတ်ပေးလိုက်ကြ
သလားမသိ...
လက်မှတ်ထိုးပြီး ညနေဘက်အိမ်မှာ
Dinner ပွဲလေးတောင်လုပ်ပေးလိုက်
သေးသည်"Congratulations Sing...."
ဘယ်တုန်းကရောက်လာမှန်းမသိအောင်
အတွေးလွန်နေတဲ့ မိမိ
လက်ကမ်းပေးနေတဲ့ Nam"ကျေးဇူးပဲ Nam"
"စိတ်ရင်းနဲ့ဂုဏ်ပြုတာပါနော်..."
"အားနာပါတယ် Nam"
"ဟေ့....ငါ့ကိုတကယ်အားနာရင်
နင်တို့ရဲ့ Relationship ကိုဘယ်လို
အကြောင်းနဲ့မှ မပျက်စီးစေနဲ့
ဘယ်လိုအခက်အခဲရှိရှိ လက်တွဲမဖြုတ်
ပဲနဲ့ အတူတူရှေ့ဆက်ကြ"ကိုယ့်ရည်းစားကိုလုယူလိုက်တဲ့
လူတစ်ယောက်ကို ဘယ်လိုမကောင်း
တဲ့စိတ်ထားမျိုး တစ်မှုန်မှမရှိပဲ
အားပေးနေသေးသည်စကားပြန်မပြောမိပဲ အပြုံးနဲ့
သက်သေတည်မိသည်"Kit ကိုကြည့်စမ်း Sing ပြုံးနေတာပဲ
သူအရမ်းပျော်နေတယ်လို့ နင်ထင်လား""ငါမသိဘူး..."
တကယ် မသိပါ ကိုယ့်ရဲ့တောင်းဆိုမှု
တစ်ခုအောက်မှာ ခေါင်းညိတ်လက်ခံခဲ့
တာက အဲ့ရူးနေတဲ့ကောင်ပဲလေ
အင်း.....ကိုယ်က အခု အရူးယောက်ျား
ပေါ့....."ငါသိတယ် Sing သူပျော်နေတယ်
နင်တို့နှစ်ယောက်ကလေ soulmates
ပဲ တစ်ယောက်အတွက် တစ်ယောက်က
ဖြစ်တည်ပေးလာတာမျိုး အာ...
စကားမစပ် Kit စကားပြောနိုင်နေသေး
ရင် နင်သူ့ကိုလက်ထပ်ပါ့မလား Sing"ဒါက ဘယ်လိုမဖြစ်နိုင်မှုမျိုးလဲ
"ငါ.....သူ့ကို စကားပြောနိုင်စေချင်တယ်
ငါ လမ်းမလျှောက်နိုင်တာနဲ့ပဲ သူ့ကို
ပါ လူစဉ်မမှီတာမျိုးမဖြစ်စေချင်ဘူး
ဒါပေမယ့် သူသာခုချိန် စကားပြော
နိုင်နေခဲ့ရင် ငါသူ့ကို လက်မထပ်ဘူး"
YOU ARE READING
Secret (Completed)
Short Storyပိုင်ဆိုင်လိုခြင်းတွေမရှိဘူး သူ့ကို အမြဲပျော်စေချင်တဲ့... အတ္တ တစ်ခုတော့ရှိတယ် သူမသိတဲ့အရပ်မှာနေထိုင်ရင်း သူ့ကို အများကပိုချစ်လာစေချင်တဲ့ အတ္တသေးသေးလေးနဲ့ ကမ္ဘာ တစ်ခုတည်နေခဲ့တဲ့သူ