"""""""""""""""""""""""""""""""""""""
မျက်ရည်တို့ဝိုင်းနေလျက်မှ ထထွက်ပြေး
သွားပြန်တာမို့ wheelchair ကို
လှိမ့်ပြီးလိုက်မိပြန်သည်"Krist....Krist......ငါ စလိုက်တာနော်
Nam ကအဲ့လိုပြောသွားတာမဟုတ်ဘူး
ငါစလိုက်တာ.......krist...."ထိုကဲ့သို့မျက်နှထားမျိုးကို ကိုယ်တို့
Car accident ဖြစ်ပြီး လမ်းမလျှောက်
နိုင်တော့လို့ သိလိုက်စဉ်ကတစ်ခါပဲ
မြင်ဖူးခဲ့သည် ကိုယ့်ခြေထောက်တွေကို
ကိုင်ရင်း မျက်ရည်တွေဝဲနေခဲ့တာမို့
"ငါ့ကိုသနားနေတာလား...အဲ့မျက်ရည်
တွေကို ငါမလိုချင်ဘူးနော်...ငါ့ကို
မင်းသနားစရာမလိုဘူး.."လို့ အော်ထုတ်မိစဉ်ကတစ်ခါ ခု တစ်ခါ
" ငါ စလိုက်တာပါ Kit ရယ်"
ခေါင်းကိုငုံ့ပြီး ခပ်တိုးတိုးညည်းမိသည်
""""""""""""""""""
လန့်သွားခဲ့သည် Nam များတကယ်
ပြောခဲ့ထားသလား....
ကိုယ့်ဘက်က တကယ်ချစ်နေခဲ့တာမို့
လိပ်ပြာမလုံပါလေထထွက်ပြေးခဲ့မိသည် ကိုယ့်ကိုများ
ရွံသွားခဲ့ရင် အတူတူကြီးပြင်းလာခဲ့သည်
26 နှစ်လုံးလုံး ကိုယ့်လို ယောက်ျားချင်း
ကြိုက်တတ်သူတစ်ယောက်ကို ဘေးမှာ
ထားခဲ့မိတာကို သိသွားခဲ့ရင်....Unni တက်တုန်းက ကိုယ့်ထက်အတန်း
ကြီးအစ်ကိုကြီးတစ်ယောက်က
ကိုယ့်ကိုချစ်နေပါသည်လို့ ဖွင့်ပြောခဲ့စဉ်
က ဒေါသတကြီး"မင်းလိုယောက်ျားချင်းကြိုက်တဲ့
ကောင်တွေကိုငါအရွံဆုံးပဲ ငါ့သူငယ်
ချင်းက မင်းလိုကောင်မဟုတ်ဘူး
လာမပတ်သက်နဲ့ ရွံစရာအကောင်တွေ"လို့အော်ဟစ်ပြီး ထိုးကြိတ်လွတ်ခဲ့ဖူးသည်
လေ......
ကိုယ်များ သူရွံတဲ့အဲ့လိုကောင်မျိုးလို့များ
သိသွားခဲ့ရင်....အခုလိုလေး သူ့အနား
ကပ်နေနိုင်ဖို့ကနေပါစေ ကိုယ့်အချစ်ကိုသူမသိလည်း
သူနဲ့ဝေးဝေးမနေရရင်ပဲ ကိုယ့်အတွက်
ဘုရားပေးတဲ့ဆု......"ငါ စလိုက်တာပါ Kit ရယ်" ဆိုတဲ့
စကားသံအကြားမှာတော့
ဝိုင်းနေသည့်မျက်ရည်တို့က ကျိုးပေါက်
ခဲ့ပြီ
YOU ARE READING
Secret (Completed)
Short Storyပိုင်ဆိုင်လိုခြင်းတွေမရှိဘူး သူ့ကို အမြဲပျော်စေချင်တဲ့... အတ္တ တစ်ခုတော့ရှိတယ် သူမသိတဲ့အရပ်မှာနေထိုင်ရင်း သူ့ကို အများကပိုချစ်လာစေချင်တဲ့ အတ္တသေးသေးလေးနဲ့ ကမ္ဘာ တစ်ခုတည်နေခဲ့တဲ့သူ