Book. : 12
Chapter. : 17 + 18
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၁၂၊ အခန်း ၁၇။ ကောင်းကောင်း ပုန်းနိုင်ခဲ့တယ်
ရက်အနည်းငယ် ကြာသော်။
လျိုချန်းကား အရင်ကနှင့် ထူးမခြားနားပင်။ သူ့ရဲ့အားအင်ကုန်ခမ်းမောပန်းနေသည့် ကိုယ်ဖြင့် အိမ်သို့် ပြန်လာပါ၏။
ဖုန်နံ့၊ လှောင်နံ့ အနံ့အသက်တို့သည် သူ့ရဲ့ ကျဉ်းမြောင်းပြီး စုတ်ချာလှသည့် ငှားရမ်းထားသော တိုက်ခန်းကို ထုံလွှမ်းလို့ နေလျက် ။ နံရံပေါ်က အဖြူရောင်ဆေးသုတ်ထားတာတွေသည်ပင် ကွာကျလို့နေလေ၏ ။
မျက်တောင်တစ်မှိတ်အတွင်းမှာပင်
နှစ်ပတ်တာအချိန်သည် ကုန်ဆုံးသွားခဲ့ချေပြီ။ သူ့ရဲ့မန်နေဂျာသည်ကား သူ့အတွက် သိုင်းသင်တန်းကလွဲပြီး ဘာကိုမှ စီစဉ်ပေးခြင်း မရှိခဲ့ချေ -- လူထုမိတ်ဆက်ပွဲမရှိ။ အစီအစဉ်တွေ မရှိ။ ရိုက်ကူးရေးဟူသည်ကား ဗလာနတ္ထိ။ သူ့ရဲ့သင်တန်းကို တက်ရောက်ရဖို့ရာအတွက် သူ့ရဲ့ထူးထူးဆန်းဆန်း လုပ်နေရသည့် အလုပ်တွေအားလုံးကိုပါ ဆိုင်းထားရလေသည်အထိ ။သူ့မိခင်ဖြစ်သူ၏ဆေးဝါးကုသစရိတ်မှာ ဈေးကြီးသထက် ပိုမိုကြီး လာလေပြီ ။ သူ အရင်က ရရှိထားခဲ့သည့် ယွမ် ၁၀၀၀ ကျော်မှာ များများစားစား မကျန်တော့။ သူ့တွင် ၀င်ငွေမရှိဘူးဆိုပါက….
လျိုချန်း ၊ ရေမိုးချိုးပြီးသည့်နောက် အာရုံထွေပြားစွာဖြင့်
တီဗွီကို ဖွင့်လိုက်ပါ၏။တီဗွီဖန်သားပြင်သည် ကာလာတွေပေါ် ၊ ပုံတွေေ၀၀ါးနေရာမှ ၊ အချိန်ကြာမှသာ ရုပ်ပုံတွေအားလုံး ရှင်းရှင်းလင်းလင်း တည်တည်ငြိမ်ငြိမ် ပြသလာချေသည်။
အနုပညာသတင်းတို့ လာနေပြီး ဇာတ်လမ်းတစ်ခုအတွက် ဇာတ်လမ်းအကျဉ်းလေး ပြသလို့နေပါ၏။
သူ ထရေလာကို မြင်လိုက်ရသည့်အခိုက်၊ လျိုချန်း၊ ဆွံအသွားရတော့လေသည်။
ထရေလာသည်ကား “ကြောက်စရာကောင်းသော နဂါး”…
ထရေလာထဲတွင် အဓိကသရုပ်ဆောင်မင်းသား၊ လင်းရှောင်ကျဲ့သည် တင့်တယ်ခန့်ညားစွာ လှုပ်ရှားလို့နေပါ၏။ သု့ရဲ့မျက်နှာမှာ အလွန်တရာပင် ခန့်ညားတည်ကြည်လှလွန်းချေသည်။
BẠN ĐANG ĐỌC
Lãng mạnစာစဉ် ၆ မှ စပြီး ဖတ်ရှုနိုင်ပါသည် စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။