Book. : 14
Chapter. : 15 + 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၁၄၊ အခန်း ၁၅ ။ မမျှမတ ဆက်ဆံခံရသည့်နှယ် ဟန်ဆောင်ခဲ့ကြသည်
တစ်မိသားစုလုံး ထွက်သွားကြတော့မည်ရှိသေး။ လျန်ကျားဟောင်၏အသံ အနောက်ကနေ ထွက်လာချေသည်။
“မမ…”
လျန်ဝမ်ကျွင်း၊ တန့်ရပ်သွားတော့ပြီး လျန်ကျားဟောင်အား ကြည့်လိုက်၏။ မျက်ဝန်းထဲတွင်ကား မည်သည်ခံစားချက်မှ မရှိပေတော့။
သူမ၏ ယခင်က ဒီမောင်ငယ်လေးအပေါ်တွင် ရူးရူးသွပ်သွပ် ချစ်ခင်မြတ်နိုးခဲ့ရမှုပမာဏမှာ ယခုတွင် သူ့အပေါ် သူမ၏စိတ်ပျက်မှု ပမာဏနှင့် တူညီလို့လာချေပြီ ။ စိတ်ပျက်စိတ်ကုန်လာရမှုတို့သည် ဒီနှစ်တွေအားလုံးမှာ ကြီးထွားရင်းကြီးထွားလာခဲ့ပြီး အခုတွင်တော့ ဘာဝမ်းနည်းစိတ်မကောင်းဖြစ်မှုမှပင် မကျန်ရစ်ခဲ့တော့ပါချေ။ မည်သည့်ခံစားချက်မျှပင် မရှိနေတော့သည်ထိ ။
“မမတို့အားလုံး တကယ်ကြီး ပြောင်းသွားကြတော့မလို့လား” လျန်ကျားဟောင် မေးလာခြင်းပင်။
လျန်ဝမ်ကျွင်း၊ သူမ၏သမီးလေးအား ကြည့်လိုက်တော့ပြီး ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ပြောလိုက်သည်။
“အင်း။ မမတို့တွေ မင်းတို့ကို အချိန်အကြာကြီး ဒုက္ခပေးထားခဲ့မိပြီ”“မမ၊ ကျွန်တော်….” လျန်ကျားဟောင်၊ သက်ပြင်းချလာ၏။
“မမနဲ့ယောက်ဖတို့ ကျွန်တော်တို့ကို အများကြီးကူညီထားခဲ့တယ်
ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။
ကျွန်တော် တကယ်ကြီး ဘေးကျပ်နံကျပ် ဖြစ်နေခဲ့လို့ပါ…ကုမ္ပဏီကရော၊ ယောက်ဖ ဆက်အလုပ်လုပ်ဦးမှာမလား”ရီဝမ်ဝမ်၊ ဘေးမှာ ရပ်နေလေခြင်းဖြစ်ရကား ၊ နှာခေါင်းရှုံ့လိုက်မိတော့ ပေပြီ -- စကားတွေအများကြီး ပြောလာတာက ဖေဖေ ကုမ္ပဏီမှာ အလုပ်လုပ်ဦးမလားဆိုတာကို သိချင်တာအတွက်လား။
လျန်ကျားဟောင်သည် သူ့ထံ၌ စွမ်းဆောင်နိုင်စွမ်းသော လူများစွာ ရှိထားသည့်အလားနှယ် သူမ၏ဖခင်ဖြစ်သူအား ဆက်ဆံထားခဲ့ပြီး သူ့အား ကျွန်တစ်ယောက်အလားပင် အသုံးချခဲ့ပါ၏ -- သေချာပေါက်ကို၊ သူသည် ဒီလိုအကျိုးအမြတ်အများကြီး ဖြစ်စေသည့်အလုပ်သမားအား မစွန့်ခွာပစ်နိုင်ခြင်းတည်းပင်။
ESTÁS LEYENDO
Romanceစာစဉ် ၆ မှ စပြီး ဖတ်ရှုနိုင်ပါသည် စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။