Book. : 12
Chapter. : 13 + 14
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၁၂၊ အခန်း ၁၃။ ထရိန်နင် စပြီ
မီးအလင်းရောင်တွေနှင့် ကင်မရာတို့ အဆင်သင့် ဖြစ်နေကြပြီ။ လျိုချန်းသည်ကား ကင်မရာရှေ့တွင် မတ်တပ်ရပ်လို့နေပါ၏။
ရီဝမ်ဝမ်သည်ကတော့ တိတ်ဆိတ်စွာဖြင့်ပင် စောင့်ဆိုင်းရင်း မျက်နှာချင်းဆိုင်ဘက်က ထိုင်ခုံပေါ် ထိုင်လို့နေပါ၏။
မရှေးမနှောင်းလေးမှာပင် သုံးမိနစ်သည် ကုန်လွန်သွားခဲ့ချေပြီ။
ရီဝမ်ဝမ်။ “အချိန်ပြည့်ပြီ”
ထိတ်လန့်သည့်အရိပ်အယောင်တန်းလေးတစ်ခု လျိုချန်းရဲ့မျက်လုံးထဲ ထင်ဟပ်နေသလို သူ ပြောလာသည့် စကားတို့သည် အလောသုံးဆယ် နိုင်လို့နေလျက်။
“ငါ မွေးဖွားလာရတာက ကောင်းချီးတစ်ခုပဲ။ ငါ့ရဲ့ဘ၀တစ်ခုလုံး…ဘ၀…”ကင်မရာရှေ့ ထပ်မံနေရခြင်းကို အသားမကျသေးခြင်း ဖြစ်ခြိမ့်မည်။ လျိုချန်း၊ စကားတစ်ခွန်းပြောပြီးရုံရှိသေး ၊ စကားတစ်အသွားခဲ့ခြင်းပင်။
ရီဝမ်ဝမ်၊ မျက်မှောင်တို့ ကြုတ်သွားပါ၏။
“နောက်တစ်ခေါက်”လျိုချန်း၊ လက်သီးတို့ကို ဆုပ်ကာ၊ အသက်ကို ပြင်းပြင်းရှုလိုက်တော့ပြီး နောက်ထပ်တစ်ဖန် ကြိုးစားလိုက်ပါ၏။
“ငါ မွေးဖွားလာရတာက ကောင်းချီးတစ်ခုပဲ။
ငါ့ရဲ့ဘ၀တစ်ခုလုံးက ကောင်းချီးဖြစ်တယ်…လူတိုင်းနဲ့ ငါ….”သူ ဆက်ပြောတော့မလို ရှိသေး။
ရီဝမ်ဝမ် သူ့အား ဖြတ်ချပစ်လိုက်ပါ၏။
“မင်းရဲ့အမူအရာက အရမ်းတောင့်တင်းနေတယ်။
ဒီအပိုင်းကို မင်းကို ထပ်ပြီးသရုပ်ဆောင်စေချင်တာကွ ။
ဒီမှာ စာသားတွေကို ရွတ်ပြပေးစေချင်တာ မဟုတ်ဘူး။ နောက်တစ်ခေါက်။”လျိုချန်း၏မျက်နှာ ပို့လို့ပင် ဖြူရော်သွားရတော့လေသည်။ စိတ်တည်ငြိမ်နိုင်စေဖို့အလို့ငှာ သူ့ရဲ့မျက်လုံးတို့ကို ပိတ်လိုက်ပြီး၊
နောက်တစ်ဖန် ပြန်လည်စတင်ပါတော့၏။
![](https://img.wattpad.com/cover/183907747-288-k596688.jpg)
JE LEEST
Romantiekစာစဉ် ၆ မှ စပြီး ဖတ်ရှုနိုင်ပါသည် စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။