Book. : 13
Chapter. : 9 + 10
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၁၃၊ အခန်း ၉။ သည်းမခံနိုင်တော့ပြီ
"ယီယီ က အရမ်းကို ကြင်နာတတ်လွန်းတော့ တချို့လူတွေရဲ့ အနိုင်ကျင့်ခံရတာပေါ့လေ။ သားတို့နှစ်ယောက်ကတော့ ပြီးပြည့်စုံတဲ့ စုံတွဲတစ်တွဲပါကွယ် ။ ရီ ယီယီ က သားရဲ့မတော်လိုက်ရတဲ့ဇနီးလောင်း ၊ ပြသနာအိုး ရီဝမ်ဝမ် ထက် အသာကြီးသာတယ်...."
သူမ၊ နောက်ဆုံးသောစကားလုံးကို ပြောလိုက်သည့်အချိန် ၊
ဖန်ရှုမင်၊ တစ်ခုခု မူမမှန်သည်ကို ခံစားမိလိုက်တော့ရကား၊ လျင်မြန်စွာဖြင့် စကားပြောခြင်းကို ရပ်တန့်လိုက်တော့သည်တည့်။ဖန်ရှုမင်၏အထက်စီးဆန်ဆန် ပြောဆိုစကားတို့သည် နားထဲတွင် ထိုးဆွလို့နေ၏။ ဒီအချိန်တွင်တော့၊ ရီမူဖန် ဘာမှပြောလာခြင်း မရှိသေးခင်ပင် အမူအရာတို့အေးစက်လာလေသည့် လျန်ဝမ်ကျွင်း။ ဤမိခင်ဖြစ်သူမှာ အခုအချိန်ထိ လှောင်ပြောင်သရော်ထေ့ငေါ့မှု၊ အတင်းအဖျင်းစကားတို့ကို သည်းခံလာခဲ့သူတည်းပင်။ သို့သော်၊ ဖန်ရှုမင်၏ ဒီစကားတို့ကို ကြားလိုက်သည့်အချိန်တွင်တော့ သူမ ရုတ်တရက် ဖန်ရှုမင်ဘက် လှည့်လာပြီး။ "ဖန်ရှုမင်၊ ဒါက ဘာကို ဆိုလိုတာလဲ"
"မမ ဘာကို ပြောတာလဲ....ကျွန်မ ပြောတာ ဘာအမှားမှမပါဘူး.." ဖန်ရှုမင်၊ မှားနေသည်အား ၀န်ခံလိုခြင်းမရှိဘဲ
နှုတ်ခမ်းတို့ ကွေးတက်လာကာ ပြောဆိုလာသည်တည့်။"အခုနက ညီမ ပြောသမျှအကုန်လုံးကို ကြားတယ်"
လျန်ဝမ်ကျွင်း၊ ဒီထက်ပို သည်းညည်းခံနိုင်တော့ခြင်းမရှိ၊ အသက်ပြင်းပြင်း မြန်မြန်ရှူလာရင်း ပြောဆိုလိုက်၏။
ရီဝမ်ဝမ်တွင် မကောင်းတဲ့စရိုက်သဘာဝတချို့ ရှိနေသည် ဆိုလျှင်တောင်မှ သူမ၏သမီးလေးသာ ဖြစ်ချေသည်။
ကမ္ဘာပေါ်က ဘယ်မိခင်တိုင်းကမှ သူတို့သမီးအကြောင်း မကောင်းပြောဆိုရှုတ်ချနေသည် ကို လက်ခံကြလိမ့်မည် မဟုတ်ပါလော။လူုတိုင်းသည် သူမခင်ပွန်းနှင့်သူမအကြောင်း ပြောဆိုနေကြခြင်းကို သူမ သည်းခံကောင်းသည်းခံနိုင်ပါလိမ့်မည်။ သို့သော်၊ သူမ၏သမီး အား ထိပါးစော်ကားလာမည်ဆိုပါက။
သူမ ဤသည်ကိုတော့ ဘယ်တော့မှခွင့်ပြုပေးလိမ့်မည်မဟုတ်။
VOCÊ ESTÁ LENDO
Romanceစာစဉ် ၆ မှ စပြီး ဖတ်ရှုနိုင်ပါသည် စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။