Book. : 15
Chapter. : 19 + 20
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၁၅၊ အခန်း ၁၉။ လုံးဝမနူးညံ့ဘူး
စီရီဟန် ထွက်သွားသည့်နောက်၊ လျိုယင်၊ အရမ်းပင် ဒေါသထွက်
သွားတော့ပြီး ကားတံခါးအား ဒုန်းခနဲ ထိုးထည့်လိုက်တော့၏။
“နေမကောင်းဘူး။ ငါ့ဖင်ကြီးပဲ ရမယ်။ နှင်းဆီရောင်အသားအရေနဲ့ အသံကစွာကျယ်စွာကျယ်နဲ့ -- ဘယ်နေရာ နေမကောင်းတာလဲ။ လူတွေဒီလောက်အများကြီးရဲ့ရှေ့မှာ သခင်လေးကို နှောင့်ယှက်တာ - လုံးဝအရှက်မရှိဘူး”ဘေးနားဆီကကိုယ်ရံတော်တစ်ယောက်၊ ၀င်ပြောလာချေသည်။
“ကျွန်တော် သူဌေးရဲ့ချစ်သူကို ဒါ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲဗျာ။ သူမက အရမ်းလှသွေးကြွယ်လွန်းတယ်။ ကျွန်တော်တို့ရဲ့သူဌေးကို ထွက်မသွားချင်အောင် လုပ်နိုင်တာ မထူးဆန်းတော့ပါဘူးဗျာ”လျိုယင်၊ ထိုပြောလာသည့်သူအား အကြည့်တစ်ချက် ပစ်လွှတ်လိုက်တော့ပြီး လှောင်ပြောပြောဆိုလာလေသည်။
“ကြာကူလီမ ! နေ့နေ့ညည သခင်လေးကို မရပ်တန်း အနှောင့်အယှက် ပေးပြီး လိုက်ရှုပ်ဖို့ပဲသိတယ်။ ဒီအထိတောင် အခြေအနေအရေးကြီးနေ မှန်း မသိဘူး။ သခင်လေးကတော့ သူမကြောင့် တစ်နေ့သေရမှာပဲ”တခြားသောသူတို့သည်လည်း စတင်သက်ပြင်းချပြောဆိုလာကြ တော့၏။ “ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးမှာ သူမက နည်းနည်းတော့ မစဉ်းစားတတ်တာပဲ….”
“စေ့စပ်ညှိုနှိုင်းတာအပေါ် သူမ တာဝန်ခံနိုင်သလား။ ရမ်းကားလိုက်တာ”
“ကြားမိတာတော့ အဲဒီမိန်းမက မောက်မာထောင်လွှားတဲ့မိသားစု သေးသေးလေးတစ်ခုရဲ့သမီးတဲ့။ ဒီတော့ဗျာ သေချာပေါက်ကို
သူမက သခင်မလေး ရူရှီ နဲ့တော့ ဘယ်တူပါလိမ့်မလဲ”“အဲ့ဒီလိုမိန်းမမျိုးကို သခင်မလေး ရူရှီ နဲ့ မနှိုင်းယှဉ်စမ်းနဲ့”
“အာ၊ ကျွန်တော်တော့ သူဌေး ဘာတွေတွေးနေလဲဆိုတာကို ဥာဏ်မမှီ တော့ဘူး။ ဒီလိုမိန်းမစားမျိုးက စီ မိသားစုရဲ့အိမ်ထောင်ရှင်မ ဖြစ်လာဖို့ တကယ်ကို အရည်အချင်းမပြည့်မီဘူး၊ ဟုတ်ပီလား”
CZYTASZ
Romansစာစဉ် ၆ မှ စပြီး ဖတ်ရှုနိုင်ပါသည် စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။