Book. : 17
Chapter. : 17 + 18
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••စာစဉ် ၁၇၊ အခန်း ၁၇ ။ စိတ်ကျန်းမာရေးပြသနာ
ဒီအထိ နားထောင်လာရသည်တွင်၊ စီမင်းလီ၊
စိတ်ကျေနပ်စွာဖြင့် ခေါင်းတညိတ်ညိတ်ပြုလာတော့သည်။
“ဒီတော့၊ ကျွန်တော့်အနေနဲ့ သခင်မလေး ရီ ကို မေးပါရစေ။ ဒီအသေးစိတ်အချက်အလက်တွေကို ဘယ်လိုလုပ်ပြီးတော့ အတိအကျ သိနေတာပါလဲ။ ဒီအချက်အလက်တွေဆိုတာက စီ မိသားစုကတောင် စုံစမ်းလို့မရတဲ့အချက်တွေပါ။ သခင်မလေးအနေနဲ့ ဘယ်လိုခန့်မှန်း နိုင်ခဲ့ပြီးတော့ လိုအပ်တာတွေကို ကြိုပြင်ဆင်ထားနိုင်ခဲ့တာပါလဲ။ အနာဂတ်ကို ကြိုမြင်နိုင်တာကြောင့်ပဲလား ၊ ဟမ်”ဒီအခိုက်၊ လူတိုင်း၏အာရုံတို့သည် လုံးဝအတိ
ရီဝမ်ဝမ်ပေါ် ရောက်ရှိသွားကြတော့ပြီ။သူတို့တွေသည် နောက်ကွယ်ကကြိုးကိုင်သူကို ရှာဖို့ရာ အာရုံများလွန်း နေခဲ့ကြသည်မို့ မည်သူကမျှ ထိုအသေးစိတ်ကျကျ အချက်တို့ကို မေးခွန်းထုတ်လာကြခြင်း မရှိကြခြင်းပင်။ အခုတွင်မူ၊
စီမင်းလီသည် ထိုကိစ္စအား ထုတ်ပြောလာချေပြီ။ ထိုဖြစ်ရပ်သည် အတော်လေးပင် သင်္ကာမကင်းစရာကောင်းလွန်းနေချေသည်ပင်။“ဒီမိန်းမ….သူမလည်းပဲ သစ္စာဖောက်တော့ မဟုတ်လောက်ပါဘူးနော်၊ မဟုတ်လောက်ဘူးမလား”
“ကြည့်ရတာ ဟုတ်နေသလိုပဲ”
“အဲဒီလူတွေအကြောင်းကို ဘယ်လိုလုပ်ပြီးတော့ ဒီလောက်အများကြီး သိနေနိုင်ပါ့မလဲကွာ။ ဒီမိန်းမနဲ့ပတ်သက်ပြီး တစ်ခုခုတော့ လွဲနေပြီ"
…….
သူ့အတွက် ၀င်ကူပြောပေးလာခြင်းကြောင့်
ရီဝမ်ဝမ်ပါ ဒီအထဲ ဆွဲချခံနေရသည်ကို မြင်နေရသည့်အချိန်၊
ရွှီရီ၏နှလုံးသားလေး တဒုတ်ဒုတ်အခုန်မြန်လာရတော့သည်။
သို့သော်၊ သူသည်ကား ရှင်းပြချက်မပေးနိုင်သလို
သူမအတွက်လည်း ကူမပြောပေးဝံ့ပါချေ။
![](https://img.wattpad.com/cover/183907747-288-k596688.jpg)
YOU ARE READING
Romanceစာစဉ် ၆ မှ စပြီး ဖတ်ရှုနိုင်ပါသည် စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။