အပိုင်း(၂)

3.4K 168 15
                                    

"ဒုန်း...ဒုန်း"

တံခါးထုသံ​ကြောင့်​ကျွန်​မအ​တွေး​တွေ​ပျောက်​ဆုံးသွားသည်​။ချက်​ချင်းပဲတံခါးဖွင့်​​ပေးလိုက်​သည်​။

ယိုင်​ထိုး​နေတဲ့​မောင့်​ကို​တွေ့လိုက်​ရသည်​။

"​မောင်​..အရက်​​တွေ​သောက်​လာတာလား"

"ဖယ်စမ်း...ငါ့မိန်းမကို​ခေါ်​ပေးစမ်း"

"မ ​ဒီမှာ​လေ​မောင်​။ ထပါ" ​မောင့်​ကိုတွဲပြီး အိမ်​​ပေါ်သို့​ခေါ်လာခဲ့သည်​။

"အင့်​" အိပ်​ရာ​ပေါ်သို့ တင်​လိုက်​သည်​။

"ခင်​ဗျားကြီးသိပ်​ရက်​စက်​တယ်​ဗျာ။ ​ငွေ...ဟုတ်​တယ်
ခင်​ဗျားချစ်​တာကျူ ပ်​ကိုမဟုတ်​ဘူး၊​ငွေဟ"

"​မောင်​ငို​နေတာလား"

ချစ်​ရတဲ့​မောင့်​ကိုကျွန်မ​ရင်​ခွင်​ထဲ​ထွေး​ပွေ့လိုက်​ပြီး " မ ​ငွေမမက်​ပါဘူး​မောင်​ရယ်​။အ​ခြေအ​နေတစ်​ခု
ကြောင့်​ပါ။မောင့်ကိုဒဏ်​ရာ​တွေ​ပေးမိတယ်​"

မောင်​က​တော့ကျွန်မ​စကား​တွေကိုမကြားနိုင်​ဘဲ အိပ်​​ပျော်​​နေရှာသည်​။

ခုချိန်​ပဲ​မောင့်​မျက်​နှာ​လေးကို အဝကြည့်​ခွင့်​ရသည်​ပါလား......

မောင့်​ကိုလွှတ်​ပြီး ​အကျီ်လဲဖို့ ထလိုက်​သည်​။

မောင့်​အကျီ်ကြယ်​သီး​လေး​တွေကိုဖြုတ်​လိုက်​သည်​။

အရင်​ကချစ်​ခဲ့တဲ့အချိန်​​တွေကိုပြန်​လွမ်းတာ​ပေါ့​မောင်​ရယ်​.....

............................................................................

"မင်္ဂလာပါ ဆရာမ"

"မင်္ဂလာက​လေးတို့ရယ်။ဒါကဒီ​နေ့​ဆရာမတို့​ကျောင်းကို ​ပြောင်းလာတဲ့ ​ကျောင်းသူ​လေးပါ။ သမီးကိုယ့်​ကို မိတ်​ဆက်​ပါဦး"

"မင်္ဂလာပါ...ကျွန်​မနာမည်​ကလရိပ်​ချိုပါ"

"သမီးလွတ်​တဲ့​နေရာမှာ​နေရာယူလိုက်​ပါ"

"ဟုတ်​"

အကုန်​လုံးက ကျွန်​မနဲ့မထိုင်​ချင်​ကြတဲ့ပုံပါပဲ။

အမုန်းမီးလျှံTempat cerita menjadi hidup. Temukan sekarang