အပိုင်း ( ၁ )

91.6K 3.6K 112
                                    

[Unicode]

"ကိုစိုင်းက ကို ကာရန် ကို ဘာလို့ကြည့်မရတာလဲ"

နောင်နောင့် မေးခွန်းကြောင့် မေရှမ်း ဆိုင်တွင် တွေ့ဆုံခြင်းကို ပြန်မြင်ယောင်မိသည်။

'ရှိုင်းကာရန်'

နာမည်နှင့်လိုက်အောင်ပင် ဘယ်အချိန်ကြည့်ကြည့် အရှိန်တစ်မျိုးနဲ့ တောက်ပနေတတ်သူ။

စာတော်သည်ဖြစ်၍ အထက်တန်းကျောင်းသား ဘဝကတည်းက နာမည်ကြီးသည်။စံပြကျောင်းသားပီပီ အမြဲတစေ စမတ်ကျနေတတ်သည်။အနေအထိုင် တည်ကြည်ပြီး
မရင်းနှီးတဲ့လူတွေနဲ့ လုံးဝအရောမဝင်။တစ်ခါတစ်ရံ စာကြည့်တိုက်တွင်တစ်ယောက်တည်း ရှိချိန်ကများသည်။
ဆရာ ဆရာမများ၏ သည်းသည်းလှုပ်လေး ဖြစ်သေးတော့ လူအများက ရှိုင်းကာရန်ကို လေးစားကြ၏။

စိုင်းခန့်ကတော့ အဆင့် 6နှင့်7 မှာသာရှိတတ်ပေမဲ့ အားကစားမှာ တော်သူ။

အဘက်ဘက်မှာ တက်ကြွစွာ ပါဝင်လှုပ်ရှားတဲ့စိုင်းခန့်က ကျောင်းသားခေါင်းဆောင် ရှိုင်းကာရန် နဲ့ သဘောထား မတိုက်ဆိုင်တာလေးတွေတော့ ရှိခဲ့သည်။ဆရာ ဆရာမတွေက သူတို့နှစ်ယောက်ကို သူငယ်ချင်းဖြစ်စေချင်ကြပေမဲ့ သူက အဖြူ ဆို ကိုယ်ကအမဲ။

ငါးမိနစ်ကြာအောင်ပင် မျက်နှာချင်းဆိုင်လို့မရ။ခပ်တည်တည်နေတတ်သူဆိုသော်ငြားလည်း  စိုင်းခန့်နှင့် ဆုံလျှင် မျက်မှောင် ကြုတ်မှုတွေ။ ဦးစွာ အကြည့်လွဲသွားတတ်တဲ့ မျက်ဝန်းလှလှတွေမှာ မာနရိပ် အပြည့်နဲ့။

အထက်တန်းအောင်လို့ တက္ကသိုလ် တက်နေကြသည်ပင် တတိယနှစ် ရောက်လေပြီ။ထိုအကြည့်တွေကတော့ စိုင်းခန့်အတွက် မူပိုင်ဖြစ်လို့နေဆဲ။

ကိုယ်က ကိုယ့်မွေးရပ် နယ်မြို့မှာ ကျောင်းဆက်တက်ပြီး သူက နိုင်ငံရပ်ခြားတွင် ဆေးပညာ သင်ယူနေသည်။တစ်ရပ်ကွက်တည်းနေသော်လည်း တစ်ယောက်နှင့်တစ်ယောက် တွေ့သည်က ခပ်ရှားရှား။

State ကျောင်းက သူငယ်ချင်းတွေဆုံလို့ စကားပြောဖြစ်ကြလေမှ ရှိုင်းကာရန် နဲ့ စိုင်းခန့်နောင် ရဲ့ စကားစစ်ထိုးပွဲ အကြောင်းတွေ ပြန်ကြားရတတ်ပေမဲ့ အာစရိယပူဇော်ပွဲကို ရှိုင်းကာရန် ပထမနှစ်ပြီးစဥ္ကသာ တစ်ခေါက်ပြန်လာခဲ့ဖူးသည်။

ချစ်သော "နောင်"Where stories live. Discover now