အပိုင်း ( ၂၉ )

13.1K 1.6K 112
                                    

"နောက်တစ်ပါတ် ကျွန်တော့်မွေးနေ့ရှိတယ် ဦး"

ဦးက သူ့ကို ပြုံးကြည့်နေရင်း

"November 21 မဟုတ်လား" လို့ မေးလာတော့ နောင်နောင့်ရင်ထဲ သိသိသာသာ လှုပ်ရှားသွားရသည်။

"ဦးက ဘယ်လိုသိ"

"နောင်နောင် နဲ့ ပါတ်သက်ပြီး ကိုယ် သိသင့်သလောက် သိထားပါတယ်"

Screen မှ တစ်ဆင့်မြင်ရတာတောင် ဦးရဲ့မျက်ဝန်းပြာပြာတွေကို သူ ငေးခနဲ။

ဦးက သူ့အပေါ်ဆို စကားပြောတာကအစ နူးညံ့ညင်သာ၏။ ကလေးလို သဘော ထားတာ သိပေမဲ့ နောင်နောင်ကတော့ ဦးကို သာမာန်ထက်ပိုပြီး တွယ်တာချင်မိတဲ့ စိတ်ဖြစ်ရသည်။

"ညီလာခံတက်ဖို့အချိန်ပါ My Lord"

သူနားမလည်သော ဘာသာစကားကို ကြားရသည့်နောက်တွင် Desktop နားကနေ ခွာသွားတဲ့ဦး။

"နောက်နေ့မှ ထပ်တွေ့ကြမယ် နောင်နောင်"

"ဟုတ်ကဲ့"

အလိုက်တသိနဲ့ သူ့ဖက်က အရင် Laptopကို ပိတ်ကာ နောင်နောင် အိပ်ရာပေါ် လှဲချလိုက်သည်။

ဦးကို သူ့မွေးနေ့ လာစေချင်ပေမဲ့ ပြောမထွက်ခဲ့။

Myanmar နဲ့ Ireland ဆိုတာ ဘယ်လောက်ဝေးလိုက်တဲ့ ခရီးလဲ။

ရိုးသားစွာ ဝန်ခံရလျှင် သူ ဦးကို လွမ်းပါသည်။

"ကိုး" ဆိုတဲ့ အမည်နာမကို ရေရွတ်မိတိုင်း
ကြင်ကြင်နာနာ အပြုံးတွေကိုပါ မြင်ယောင်လာတာမျိုး။

"နောင်နောင်"

အခန်းအပြင်ဖက်မှ ခေါ်သံကြားတော့ သူ ခုတင်ပေါ်မှ ဆင်းလိုက်ပြီး အခန်းတံခါးကို
သွားဖွင့်ရသည်။ အခန်းရှေ့၌ ရပ်နေသော ကိုစိုင်းကို သူ ပြုံးပြလိုက်ပေမဲ့ ကိုစိုင်းကတော့ မျက်နှာမကောင်း။

"အဖွား အခြေအနေမကောင်းဘူးတဲ့"

အဖွားဆိုတာ နောင်နောင့်မှာ အဖေ့ဖက်က အဖွားသာ ရှိတော့တာဖြစ်သည်။ အမေ့ဖက်က အဖွားကတော့ နောင်နောင် ငယ်စဥ္က တည်းက ဆုံးသွားပြီ။

"ပြင်ဦးလွင် ချက်ချင်း ဆင်းရမယ်"

သူ ခေါင်းညိတ်ပြီး အခန်းထဲ ပြန်ဝင်ကာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတချို့ကို ကျောပိုးအိတ်လေးထဲ ပစ်ထည့်နေတုန်း ကိုစိုင်းက အနွေးထည် လာဝတ်ပေးသည်။

ချစ်သော "နောင်"Donde viven las historias. Descúbrelo ahora