အပိုင်း ( ၁၅ )

14.3K 1.7K 88
                                    

"သားငယ် ဘယ်လဲ"

အိမ်ရှေ့တံခါးနား မရောက်ခင်လေးမှာ ရှိုင်းကာရန်၏ ခြေလှမ်းတွေ တုန့်ဆိုင်းသွားခဲ့ရလေသည်။

နောက်ကို လှည့်ကြည့်လိုက်တော့ အပေါ်ထပ်ကနေ ဆင်းလာသည့် အဖေက လှေကားတစ်ဝက်ရောက်နေပြီ။

"အမေခိုင်းထားလို့ အပြင်ခဏ"

သူ့ဘဝမှာ မုသားသုံးတာ ရှားပေမဲ့ အလိမ်အညာ စကားဆိုရတိုင်း စိတ်ထဲ မသိုးမသန့်။

"သွားလေ"

ရောက်နေရာတွင် ရပ်ကာ သူ့ကို စိုက်ကြည့်နေခဲ့သည့် အဖေက အေးစက်စက်ဆိုလာခဲ့၏။

"ဟုတ်ကဲ့"

မနေ့ညနေကတည်းက အဖေ သူ့ကို မကြည်တာ ရှိုင်းကာရန် သိပါသည်။

ဟန်နီတို့ မိသားစုနှင့်အတူ ညစာ စားကြ
တဲ့အချိန်မှာ သူက အရင် ရှောင်ထွက်လာခဲ့မိသော ကြောင့်ပင်။

အဖေက စည်းကမ်းတင်းကျပ်တဲ့ ဖခင်ဆိုတာ နားလည်ပေမဲ့လည်း သူ့ဆန္ဒကို မေးဖူးတာမျိုး မရှိသဖြင့် တစ်ခါတစ်လေ စိတ်မကောင်း ဖြစ်ရ၏။

မွန်းကြပ်မှုတွေ လျော့အောင် သူ ကားပြတင်းကို ဖွင့်လိုက်တော့ အလုအယက် တိုးဝှေ့လာတဲ့ လေအေးတွေ။ နေရောင်ဖျော့ဖျော့ လွှမ်းခြုံထားသော ပါတ်ဝန်းကျင်တွင် မြူနှင်းတို့ရဲ့ အငွေ့အသက် မပြယ်သေး။ ပန်း
ပွင့်စပြုနေသော ချယ်ရီပင်တွေကလည်း ဆောင်းဥတု၏ အလှကို အရောင်သနေကြပြီ။

ရာသီကုန်လျှင် သူ New york သို့ ပြန်ရမည့်အကြောင်းက ခေါင်းထဲဝင်လာ၏။ ဇာတိကို ချစ်တဲ့ သူဟာ နိုင်ငံရပ်ခြားသို့ ဘယ်တော့မှ မသွားချင်ခဲ့ပါ။ အောင်စာရင်းထွက်တဲ့ ညက အဖေနှင့် စကားများခဲ့ရခြင်းကို ပြန်အမှတ်ရသည်။ ပြည်နယ်တစ်ခုလုံးတွင် ပထမအဆင့်နှင့် ဘာသာစုံ ဂုဏ်ထူးရှင် သူက ကိုယ့်အနာဂါတ်လမ်းကို ကိုယ်တိုင်ရွေးချယ်ခွင့် မရခဲ့ပေ။

စိုင်းခန့်တို့ သူငယ်ချင်း အုပ်စုကို မြင်တိုင်း အားကျခဲ့ရသော အချိန်များ။ ဆယ်တန်းကို ရိုးရိုးသာ အောင်ကြသော်လည်း အားလုံးက
ပျော်ပျော်ရွှင်ရွှင်။ ဘယ်တက္ကသိုလ်ကို ဝင်ခွင့်ရမလဲဆိုတာမျိုး တွေးပူမနေဘဲ ကိုယ်ဝါသနာပါရာကို အကောင်အထည် ဖော်ကြမည့် သူများပင်။ မိဘတွေကလည်း တွန်းအားပေးဖို့ထက် သားသမီးတွေ လမ်းမှန်လျှောက်ရန်သာ အဓိကထားပုံရသည်။

ချစ်သော "နောင်"Où les histoires vivent. Découvrez maintenant