အပိုင်း ( ၁၂ )

14.1K 1.8K 50
                                    

"သားရေ သွားရအောင်"

"ဟုတ်ကဲ့"

အိမ်ထဲမှ ထွက်တော့ သူ အမေပြင်ထားသည့် ဆွမ်းချိုင့်နှင့်ကန်တော့ဖွယ်ရာခြင်းကို ဆွဲလာပြီး ကားပေါ် တင်လိုက်သည်။ အဖေ့မွေးနေ့မို့
သူတို့ မိသားစု ကိုးကွယ်သည့် ဘုန်းကြီးကျောင်းတွင် ကပ်လှူရန်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင် အဖေက အိမ်တွင်မရှိတာ များ၏။ ဒီနေ့တော့ ခရီးမှပြန်လာမည် ထင်ပါသည်။

"အပြန်ကျရင်လေ...အစိုင်းတို့ ခြံထဲက စတော်ဘယ်ရီ သွားဝယ်ပါဦး...ဧည့်သည်တွေကို ဖျော်ရည်တိုက်ရအောင်"

"ဟုတ်ကဲ့ အမေ"

စိတ်လှုပ်ရှားရမည့်အစား သူ သက်ပြင်းဖွဖွ ချလိုက်မိ၏။ ကားကို ဂရုတစိုက် မောင်းနေရင်း သူ့အတွေးတွေက မနေ့က ဖြစ်ရပ်ဆီမှာ။ စိုင်းခန့် သူ့ကို ဘာကြောင့် ပြန်မနှုတ်ဆက်သလဲ သူစဥ္းစားမရပေ။ စတင် ခင်မင်လာသလို ရှိရာက ရုတ်တရက် ပြန်စိမ်းကားသွားခြင်း။ တစ်ခုခုကြောင့် စိတ်မကြည်လို့များလား။ အဲ့ဒီအကြောင်းကိုပဲ စိတ်ရောက်နေသဖြင့် သူ မနေ့ညက အိပ်လို့ပင်မပျော်။ အာရုံပြောင်းလို ပြောင်းငြား စာအုပ်ဖတ်နေစဥ္ အသံတစ်ခုကြောင့် သူ့ အိပ်ရာပေါ် မှီလျက် ခြေဆင်းထိုင်နေရာမှ ခြေချကာ ပြတင်းဆီသို့ ရောက်သွားခဲ့ရ၏။

လှိုက်ကာစကို အသာဖယ်ရင်း ကြည့်မိတော့ ရင်ထဲ ထိတ်ခနဲ။ လမ်းပေါ် လှဲကျနေသော ဆိုင်ကယ်ကို ဆွဲထူနေသူက စိုင်းခန့်ပါလေ။
အိမ် အပေါ်ထပ်ရှိ သူ့အခန်းကနေ လှမ်းမြင်ရခြင်း ဆိုပေမဲ့ ထိုအရပ်အမောင်း ၊ ထိုကျောပြင် ၊ ထိုလှုပ်ရှားမှုတွေကို သူ မှတ်မိပါ၏။
ဆိုင်ကယ်လှဲတဲ့အရှိန်က မနည်းလှတာမို့ သေချာပေါက် ထိခိုက်ဒဏ် ရသွားလိမ့်မှာ အမှန်။ ဆေးလိမ်းရဲ့လား ဆရာဝန်ရော ပြရဲ့လား စသဖြင့် မဆီမဆိုင် တွေးပူကာ ညဥ့္သန်းခေါင်ယံ ကျော်သည်ထိ သူ မအိပ်နိုင်ခဲ့။

"ဒကာကြီးရော ကျန်းမာရဲ့လား"

"ဒေါင်ဒေါင်မြည်ပါပဲ ဘုရား"

"ဒကာလေးရော ကျောင်းဘယ်ချိန် ပြန်တက် မတုန်း"

"တပည့်တော် နောက် တစ်လနေလောက်မှ ပြန်ရမှာပါ"

ချစ်သော "နောင်"Opowieści tętniące życiem. Odkryj je teraz