ဝေဝါးသည့် ပတ်ဝန်းကျင်မှ မြင်လိုက်ရသည့် ဆိုင်းဘုတ်တစ်ခုသည် ဆိုးလ်သို့ရောက်နှင့်ပြီဟု...
သက်ပြင်းတစ်ချက်ချသံ ကြားလိုက်ရ၏ ။ ကားမှန်အပြင်ဘက်ကိုသာ ကြည့်နေပြီး တွေးတောနေသည့်ကျွန်တော်က သူ့သက်ပြင်းချသံကြောင့် စိတ်ပူစွာပြန်လှည့်ကြည့်မိပါ၏ ။ကျွန်တော်ဆိုတာ သူ့ကို မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင် ဘယ်လောက်ထိချစ်မှန်း ဘယ်လောက်ထိ အားကိုးထားမှန်း သူလည်းအသိ ။
ဘာကြောင့်လဲ? အဖြေကတိကျစွာရှိနှင့်ပြီးသား ။ချစ်၍ ။အားကိုး၍ ။ သနား၍ ။ သစ္စာရှိ၍ ။
ကြမ်းခြင်း ရမ်းခြင်းမရှိ ကျွန်တော်တို့နှစ်ယောက်အချစ်က တစ်သက်မတ်တည်း ညီညာနေစွာ ။
သစ္စာတရားဆိုတာလည်း သူ့အားချစ်လွန်းလို့သာ တည်မြဲနေမည်ဖြစ်လိမ့်မည် ။
မဟုတ်ရင် ယောက်ျားလေးဖြစ်နေပါရက် အလှမရှိတဲ့လူသားကို ဒီလိုနှစ်အကြာကြီး
အတူရှိနေနိုင်ပါ့မလား?ကျွန်တော်က သူ့အား ချစ်လွန်းသည် ။ဒါကြောင့်သာ သစ္စာတရားက ကပ်လိုက်လာခဲ့၏ ။
"Hoseok? ဘာဖြစ်လို့လဲ?''
ကျွန်တော် တီးတိုးစွာ မေးလိုက်သည် ။ သူဆိုတာ သိပ်ကြောက်တက်လွန်းသူမို့လား ။ကျွန်တော်သိတာပေါ့ ။
ကျွန်တော်မေးလိုက်ကာမှ သူ့ရဲ့မျက်ဝန်းထဲဝေ့ခနဲဖြစ်သွားရင်း
"ငါ့ကလေးလေး... ဘာဖြစ်နေလို့ ငိုနေတာလဲလို့ ငါတွေးမိလိုက်လို့ yoongi...''
သူပြောကာမှ ကျွန်တော်သက်ပြင်းရှည်ဆွဲချရင်း တစ်ဖက်သို့လှည့်ကာ မျက်ရည်စတစ်ချို့သုတ်မိသည် ။ ဤသည်ကို hoseokမြင်သည်ထင် ကျွန်တော့လက်ဖဝါးသေးသေးလေးကိုဆုတ်ကိုင်ပေးထားသည် ။
ကျွန်တော်ဝမ်းနည်းလွန်း၏ ။
မဖြစ်နိုင်တဲ့ အရာတစ်ခုကို စွန့်စားကြည့်ရင်း မိုက်မဲမိသည် ။ ဒါက ကျွနတော့ရဲ့ မိုက်မဲမှု့ဆို ဒီမိုက်မဲမှု့ကို ခါးစည်းခံနေရသူက ကျွန်တော့ရဲ့ကလေးလေး...jungkookကျွန်တော့မှာ အားနာဖို့တောင်အခွင့်အရေးရှိခဲ့ပါ့မလား...
YOU ARE READING
Euphoria || Sope
Fanfictionဖြစ်တည်ခဲ့သည့် အကြောင်းအရာများကို လက်ခံ ခဲ့မည်ဆိုရင်...... Sope (male preg) Taeguk Namjin.... Park jimin #hoppiesmile