2006 December , 18
.
.
.အစိမ်းရောင် ခြယ်ထားတဲ့ အိမ်လေးတစ်အိမ်...
သူနှစ်သက်တဲ့အရောင်က ခပ်ကြောင်ကြောင်နှင့် ဒီအရောင်မှမရရင် မသုတ်ဘူးဆိုပြီး ဆန္ဒပြခဲ့တဲ့အတွက့ အိမ်လုံးချင်းလေးက အစိမ်းရောင်အိမ်လေး ဖြစ်ခဲ့၏ ။၁၃နှစ်ကျော် ရုန်းကန်ရင်း အိမ်ဟောင်းသေးလေးနှင့် ကားစုတ်လေးတစ်စီးတော့ အဖက်တင်လာသည် ။ သုညဘဝကနေ ရုန်းကန်ရတဲ့ အခြေအနေတစ်ရပ်က အခုတော့ အဆင်ပြေစပြုခဲ့လေရဲ့ ။
အရာရာ မျက်ကွယ်ပြုတယ် ။ကိုယ်ကျိုးအတွက် ။အရှက်အတွက် ။ရုန်းကန်မှု့အတွက် ။ သားလေးအတွက် ။
ကြားထဲကရုန်းကန်မှု့တစ်ခုတော့အစစ်ပါခဲ့သေးသည် ။ဒါက ယောက်ျားလေးချင်းရတဲ့ကလေးမို့ ချိုးနှိမ်စွာပြောခဲ့ခြင်းရဲ့ ရုန်းကန်မှု့ ။
လူတွေက မကြားတကြားပြောခဲ့တာတွေ ။လူသားချင်းမစာမနာ ပြောခဲ့တာက လူမမယ်သားလေးအတွက်တိုက်ရိုက်ပတ်သက်နေ၏ ဒါကိုမျက်ကွယ်ပြုပြီးနေရလောက်အောင်တော့ ကျွန်တော်တို့လည်း သည်းခံစိတ်အတိုင်းအတာထိရှိမည်ဆိုတာ ထိုလူတွေမသိလေသေးတာ ။
"မပြီးသေးဘူးလား... မင်း အရမ်းကြာတာပဲ hoseokရ...''
ကားစုတ်လေးရဲ့ပိုင်ရှင်တဖြစ်လည်း yoongiက စိတ်မရှည်ခြင်းများစွာဖြင့် စုတ်တသက်သက် ။
"ငါ့အချိန်ငါသိပါတယ် yoongiရာ...မင်းအေးဆေးနေ...''
ဧည့်ကြိုဝတ်စုံကို ခန့်ခန့်ညားညားနှင့် ဝတ်ဆင်အပြီး ပိန်ပါးသည့် ကိုယ်လေးက တင့်တယ်လှ၏ ။မနက်ခပ်စောစောအချိန် ငြိမ်သပ်နေတဲ့ပတ်ဝန်းကျင်ကြား တီးတိုးပြောသံက သူတို့အခန်းထဲတွင်သာ ။
"တွန့်နေတယ်....''
"ဟင်....''
"ကျစ်....မင်းအင်္ကျီတွန်နေတယ်လို့...
ငါပြောတာ...''အဆင်သင့်ပြီးနှင့်နေသည့်yoongiသည် စိတ်မရှည်သည့်ဟန်ဖြင့် ခုံပေါ်မှထကာ
Hoseokအင်္ကျီစကို သေသပ်အောင် ပြုလုပ်ပေးရင်း ခွဲကြောင်းညီညီဆံပင်ကို ဖိသပ်ပေးလိုက်သည် ။ရုတ်တရက်ဆိုသလို
ကျွန်တော့ ဘယ်ဘက်ပါးလေး ပူနွေးသွားသည့်ခံစားချက်ကြောင့် ကျွန်တော်ပြုံးမိပါ၏ ။ အခုနောက်ပိုင်း ကျွန်တော်တို့အနေအထိုင်လည်း ဆင်ခြင်ခဲ့သည်မှာကြာခဲ့ပြီမို့လား ။သားလေးလည်းရှိလာပြီမို့ မလိုအပ်တဲ့အရာတွေ ဆင်ခြင်ခဲ့၏ ။ မနက်လေးတစ်ချိန်သာတွေ့ရပြီး တစ်နေရာစီ အလုပ်ခွင်ဝင်ကြသည်ကြောင့် တွေ့ဆုံချိန်ကနည်းလှ၏ ။ လွမ်းလွန်းတဲ့စိတ်ကိုချုပ်ထိန်းရင်း အရာရာသားလေးအတွက် ပုံအောခဲ့သည် ။ ကလေးငယ်သိခဲ့ပါ့မလား ။
YOU ARE READING
Euphoria || Sope
Fanfictionဖြစ်တည်ခဲ့သည့် အကြောင်းအရာများကို လက်ခံ ခဲ့မည်ဆိုရင်...... Sope (male preg) Taeguk Namjin.... Park jimin #hoppiesmile