Euphoria_အချစ်ကိုပုံဖော်ခြင်း

1.2K 204 7
                                    

သန်းခေါင်ယံအချိန်အခါဝယ် တိတ်ဆိတ်ငြိမ်သက်သည့် ပတ်ဝန်းကျင်ကို လူသားနှစ်ဦး ဖြိုခွင်းချင်နေပုံရသည် ။

လူအသွားအလာ နည်းပြီး ချောင်ကျကျ ခြံဝန်းထဲ ကြည်နူးစရာ ပျော်ရွှင်စရာ အချိန်လေးကို ကြိုးစားပြီး ဖန်တီးနေကြသည်။
ထိုလူသားနှစ်ယောက်အတွက်တော့ မီးရောင်မရှိ အလင်းရောင်မရှိပေမယ့် အေးမြတဲ့ လသာသာ အလင်းတစ်ချို့ကြောင့်တော့ အနည်းငယ်
စိတ်ကျေနပ်မှု့တော့ ရစေ၏ ။

လူသူမနေတဲ့ အိမ်ပုံစံမျိုးအသွင်ကို တမင်ဖန်တီးယူထားတဲ့အတွက် မီးထွန်းညှိဖို့ရာ အဆင်မပြေလှ ။

သို့သော် ထိုလူသားနှစ်ယောက်အတွက်ကမူ ပြီးပြည့်စုံချေပြီ။

"တော်တော့ဆိုဟာ.......yrrr....
.. min yoongi... ငါ အိပ်ချင်နေပြီဆို..... ဟ........shipal..... တော်တော့..... ယားတယ်........ ဟ......''

Min yoongiဆိုတာ သေပြီးပြန်ဝင်စားရင်တောင် အေးတိအေးစက် အချေတစ်ယောက်သာ ဖြစ်မြဲဖြစ်နိုင်လိမ့်မည် ။
ဒါပေမယ့် အခုတော့ ပြောင်တိပြောင်ချော်နဲ့ မျက်နှာက သကြားတုံးဆို့ထားသလိုပင်။

လတ်တလော ဖြစ်ပျက်သွားတဲ့အဖြစ်ပျက်က သူအတွက် ကြောက်ခမန်းလိလိ ဖြစ်သွားပုံရမယ် ။
လက်တစ်ကမ်းအလိုမှာ သူအရမ်းချစ်ရတဲ့ Jung hoseokဆိုတဲ့ ကျွန်တော့ကို ဆုံးရှုံးရမလို ဖြစ်သွားခဲ့သည် မဟုတ်လား ။
Yoongiသနားဖို့လည်း သိပ်ကောင်းသည် ။ သူ့အမှားအတွက် သူ့ရဲ့ မရဲတင်းမှု့အတွက် အခုမှ အတိုးချပြီး ချစ်ကြည့်နေသလိုပင် ။
သူချစ်တာက ညဘက်တောင် မအိပ်ခိုင်းတဲ့အထိ ။

"တော်တော့ဆို ဟာ.... ''

အိပ်ချင်မူးတူးဖြင့် ဆွဲဆွဲငင်ငင်အသံရှည်ကြီးဖြင့် hoseokဆောင့်ချည်းအောင့်ချည်း ပြောလိုက်၏

" ချစ်တာလေ. ။ဘာလဲ မချစ်ရဘူးလား ။''

Min yoongiဆိုတဲ့ ပုဂ္ဂိုလ် က စိတ်ဆိုးနေတဲ့လေသံ စွတ်လာတော့ ပြာပြာသလဲ ပြန်ရှင်းတန်း လုပ်ရပြန်၏
မတော်..... ဒီလူသားလေး စိတ်ပျက်သွားခါမှ ဒီတစ်ခေါက် တကယ်သေမှာ....

"မဟုတ်ဘူးလေ....။ မင်းမမောသေးဘူးလား ။ အခုနပဲ ပြီးသွားတာကို ။ ''

Euphoria || SopeWhere stories live. Discover now