Euphoria_ မုန်းတီးခြင်း

6.1K 346 20
                                    

အုံ့မှိုင်းမှိုင်းပတ်ဝန်းကျင်နဲ့အတူ မကြာခင်မိုးရွာတော့မယ်လို့ အရိပ်အယောင်ပြနေတဲ့ ရာသီဥတုက ဆေားင်းဦးသာဖြစ်၏
ဆိုးလ်ရဲ့ရာသီဥတု.. တနည်းပြောရရင် ကိုးရီးယား ရဲ့ရာသီဥတုကိုက အချိန်အခါမဟုတ်မိုးရွာတက်တဲ့အတွက် ဒီတစ်ချက်ကိုမုန်းတယ်....
ချစ်တဲ့အရာဘာလဲလို့မေးရင်ဖြေစရာမရှိ....
ရာသီဥတုလား....ပတ်ဝန်းကျင်လား...
မဟုတ်ဘူး....မချစ်တက်တာ....
ရွံစရာကောင်းတဲ့အချစ်တွေလို့ပြောတဲ့အရာတွေကို မြင်ခဲ့ရတဲ့အတွက် အချစ်ဆိုတဲ့အရာကို ရွံဖို့ကောင်းတယ်လို့သတ်မှတ်မယ်

ပိုင်ဆိုင်ခြင်း ။ရယူခြင်း ။ပေးဆပ်ခြင်း။ ဒီလိုတွေပြောပြီး လောဘတက်နေတဲ့အချစ်ကိုလည်း  တစ်သက်လုံးအချစ်ဆိုတဲ့အရာနဲ့နေနိုင်လားလို့ ခပ်ရွဲ့ရွဲ့မေးလိုက်ချင်သည်။

အရှက်မရှိ အချစ်ကြောင့်ခံစားနေရတဲ့လူတွေတွေ့ရင် တစ်ဖက်လှည့်ပြီး နှာခေါင်းရှုံ့ပစ်မယ်
ရွံလွန်းလို့......

ကျွန်တော့ဆီမှာအချစ်မရှိဘူး.....
သေချာတယ် ကျွန်တော် အချစ်ကိုမုန်းတယ်...
.
.
.
.
.
ကျောပိုးအိတ်ကိုဘေးသို့လွယ်လိုက်ရင်း အခန်းတခါးကို ပိတ်လိုက်သည်။
ဒီနေ့တော့လက်မှာအပိုကိုင်စရာ ထီးရှည်ရှည်တစ်ချောင်းပါလာခဲ့ပြီ.....

Bus Stop ကနေဆင်းဆင်းချင်း လမ်းကွေ့က ကျွန်တော်အရမ်းတက်ချင်နေတဲ့ ဆိုးလ်တက္ကသိုလ်ကိုရောက်ပြီမို့ အနည်းငယ်တော့ စိတ်လှုပ်ရှားမိသလို.....
လျော့ရဲရဲကျနေတဲ့ ကျောပိုးအိတ်ကို ပြန်တင်လိုက်ပြီး ကျောင်းလမ်းတစ်လျောက်ဝင်သွားလိုက်သည်။

"လေးလွှာက ပထမနှစ်တွေအတွက် ကျောင်းသားရေးရာပါ.......''

အရိုအသေပေးပြီးလေးလွှာသို့ဆက်လက်တက်သွားလိုက်သည်။

"ကျောင်းအပ်ချင်လို့.....''

တိကျပြတ်သားတဲ့အသံပေမယ့် ကြီးကျယ်ခမ်းနားတဲ့ကျောင်းဖြစ်တဲ့အတွက် အနည်းတော့ရှိန်မိသား....

"ဖောင်အရင်ဖြည့်ပါ.....''

စာရွက်တစ်ရွက် အပေါက်ကနေ ထိုးပေးတဲ့အတွက်အလိုက်သင့်ဆွဲထုတ်လိုက်ပြီး နေရာလွတ်တစ်နေရာကို ရှာပြီးဝင်ထိုင်လိုက်တယ်...

Euphoria || SopeWhere stories live. Discover now