Euphoria_ မသိစိတ်

1.5K 219 24
                                    

နူးညံ့တဲ့လက်ဖဝါးလေးကို ဆုတ်ကိုင်ရင်း ခြုံတောထဲ လမ်းမပေါက်တဲ့ မြက်ပင်ကြမ်းတွေကိုလက်တစ်ဖက်နဲ့ဆွဲဖယ်ပြီး
အရှေ့ကနေဦးတည်ကာ hoseokသွားနေ၏

အနောက်ကထပ်ကြပ်မခွာလိုက်နေတဲ့ လူတွေကလှည့်ကြည့်စရာပင်မလိုလောက်အောင် သေချာသည်က စစ်သားများပင်ဖြစ်မည်။

အထူးသဖြင့် ဂျပန်လက်အောက်ခံစစ်သားတွေမို့ ကိုးရီးယားလူမျိုးချင်းဖြစ်တာတောင် နာမည်ရဖို့ ရာထူးတက်ဖို့ ရက်စက်ရသည်မှာလည်းမကြောက်ကြ

ညမထွက်ရအမိန့်ကလည်း သူတို့ထုတ်ထားကြသလို မကြောက်ကြတဲ့ ပုန်ကန်တဲ့ကျောင်းသားတွေကလည်း ထုနဲ့ထေးပဲရှိသေးသည်။

ဘယ်တော့မှဒီနိုင်ငံ ငြိမ်းချမ်းမလဲမသိပေမယ့် ပြိုကွဲလုနီးပါးဖြစ်နေတဲ့ နိုင်ငံလည်းသူတို့လက်ခုတ်ထဲကရေသာ...

ဒါကိုပုန်ကန်တဲ့ကျောင်းသားတွေကို ထောင်ချပြီးအပြစ်ပေးတာထက် ထောင်ထဲမှာတင် သတ်ပစ်ခဲ့တဲ့အမှန်တရားကပိုမှန်မည်....

ဒါကြောင့်အခုလိုထွက်ပြေးရခြင်းပင်ဖြစ်သည်။
ဖမ်းမိတာနဲ့ သူတို့ပြုသမျှခံရတော့မှာ.....

"မြန်မြန်....မြန်မြန်လာ........ ''

အရှေ့ကနေ ဦးတည်နေရင်းနဲ့ အနောက်ကကောင်လေးကိုပါအလိုက်သင့်ဆွဲခေါ်ရင်း ထိုမြင်ပင်တောထဲကနေ ထွက်နိုင်ခဲ့သည်။

လမ်းဆုံးတော့ အဝေးပြေးကားလမ်းမသာဖြစ်တဲ့အတွက် အသက်ရှူချောင်သလိုရှိ၏
တလက်စတည်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် yoongiရော hoseokပါပြုံးလိုက်မိသည်။
ရပ်ထားတဲ့ကုန်တင်ကားတစ်စီးဘေး ဆေးလိပ်သောက်နေတဲ့ လူမသိအောင် ထိုကားထဲပြေးဝင်လိုက်သည်။
နောက်တော့ ပိတ်ကာထားတဲ့ ပလပ်စတစ် အပြာရောင်မိုးကာသားကို နှစ်ယောက်ကိုယ်ပေါ်လွှားခြုံရင်း ငြိမ်နေလိုက်သညိ။

စစ်သားတွေလိုက်ဖမ်းလို့ ရင်ခုန်တာလား ။ ပြေးနေရလို့မောလို့ ရင်ခုန်တာလား။

ဒါမှမဟုတ် မျက်နှာချင်းဆိုင်နီးကပ်လွန်းတဲ့ အခြေအနေကြောင့် ရင်ခုန်တာလားတော့မသိ မျက်နှာတည့်တည့်က သူ့ရဲ့ဖြူစုတ်စုတ်မျက်နှာကိုကြည့်လိုက်တိုင်း ရင်ခုန်နေခဲ့သည်။

Euphoria || SopeWhere stories live. Discover now