Spiritual Love4

1.6K 136 4
                                    

~Spiritual Love~

Part(4)

zawgyi

နေ့ရက်​​တွေသည်​..Kongpopအတွက်​​ပျော်​ရွှင်​စရာအတိ..ထိုသို့ဖြစ်​ရသည်​ကလည်းအ​ကြောင်းရှိ​သေး၏..အ​ကြောင်းက​တော့P'Arthitဆိုသည့်​ လူကြီး​လေး​ကြောင့်​သာ..။

ညတိုင်းနီးပါးဖုန်းဆက်​တတ်​သည့်​P'Arthit​ကြောင့်​ သူ ညတိုင်း ဖုန်း​မျှော်​တတ်​သည်​..မနက်​တိုင်းလည်းဖုန်းဆက်​ကာ ဒဏ်​ရာကိုဂရုစိုက်​ရန်​​ပြောတတ်​သည်​P'Arthitသည်​အဖိုးအို​လေးအတိုင်း..။

တစ်​ခါတစ်​​လေ..သူကိုယ်​တိုင်​လည်း ဒဏ်​ရာကိုအ​ကြောင်းပြကာ P'Arthitထံ ဖုန်းဆက်​တတ်​​သေးသည်​..။

ဒဏ်​ရာကအရာရွတ်​ကျန်​​သေး​သေးတာကလွဲ၍အကုန်​အ​ကောင်းအတိုင်းဖြစ်​​နေပြီ..ဒါ​ပေမဲ့ ဘာလို့သူတို့ဆက်​သွယ်​​နေမိမှန်းမသိ..တကယ်​ပါ..ဒီအမာရွတ်​​လေး​တောင်​​ပျော်​သွားမှာစိုးရိမ်​မိသည်​..သူတကယ်​ကို P'Arthitဆီ..သူ့နှလုံးသားနှစ်​ဝင်​သွားခဲ့ပြီ..။

"Kongpop..ပြုံးလှချည်​လား.."

သူ့ကိုနှုတ်​ဆက်​ရင်း ​မေးလာသည့်​ Mayကို
သူကြည့်​ရင်းပြန်​ပြုံးပြလိုက်​သည်​..​ဘေးမှာ​တော့ Majorရဲ့ queen သူ့သူငယ်​ချင်းpearl..

"အင်း..​ပျော်​စရာရှိလို့.."

"အံမယ်​..အံမယ်​..​ပျော်​စရာလား..ကြည်​နူးစရာလားမှန်​မှန်​​ပြောKongpop..နင့်​ရုပ်​ကြီးက
ပြုံးဖြီး​နေတာပဲ..မသိရင်​ အချစ်​ရဲ့ ပျားရည်​​တွေ​ကြောင့်​လားပဲ.."

"Kongpopမှန်​မှန်​​ပြော..နင်​ ရည်​စားရ​နေပြီလား.."

ထပ်​​ပြောလာသည့်​ parelစကား​ကြောင့်​ သူ P'Arthitကို​တောင်​မြင်​​ယောင်​မိသွားသည်​..

"မရပါဘူးဟာ.."

"မရဘူးဆိုတာ​ပြော​နေ..ရုပ်​က..ရည်​စားရ​နေတဲ့အတိုင်းပဲ..ပြုံးဖီး​နေတာ"

"​အေး​လေ..​အေး​လေ.."

အတိုင်​အ​ဖောက်​ညီ​နေကြ​သော သူ့သူငယ်​ချင်းမ​တွေကို​တောင်​ဂရုမစိုက်​နိုင်​​တော့ဘဲ..သူP'Arthitအ​ကြောင်းသာဆက်​​တွေး​နေမိသည်​..။

~Spiritual Love~(Z/U)Where stories live. Discover now