~Spiritual Love~
Part(28)
(Uni)
"Oon..မောသွားပြီလား..."
ခုံမှာထိုင်ကာအမောဖြေနေသည့်Oonကိုအအေးပုလင်းလှမ်းပေးကာမေးလိုက်တော့Oonကပြုံးပြသည်...။
"မမောပါဘူး..ဒီလိုမျိုးinterviewခံရတာပထမဆုံးပဲလေ..ငါဘာတွေဖြေခဲ့မှန်းတောင်မသိတော့ဘူး..ဟားဟား.."
"Oonကတော့လေ.."
Interviewဖြေနေစဥ်Oonကိုသူစိုက်ကြည့်နေမိသည်..တစ်ကယ်စိတ်နှစ်ပြီး Mayမေးသမျှကိုဖြေပေးသည့်Oon..ဖြေပြီးသွားတိုင်းသူ့ကိုပြုံးပြီးကြည့်နေသည့်Oon..။
တကယ်Oonကသူ့ကိုအလိုလိုက်ပေးသည့် သူချစ်ရသူတစ်ယောက်...။
"Oon.."
"ဟင်..Kong.."
"ကျတော်ခဏနေMayတို့နဲ့လိုက်သွားမယ်သိလား..ညနေစောစောပြန်လာခဲ့..ကျတော်ညစာပြင်ဆင်ထားလိုက်မယ်.."
"အင်း..ငါစောစောပြန်လာခဲ့မယ်.."
"အော်..Kong..နင်ကဒီရောက်နေတာကိုး..ငါတို့ကလိုက်ရှာနေတာ.."
"မင်္ဂလာပါP'Arthit.."
"မင်္ဂလာပါMay.."
"P'Arthitဖြေတဲ့စကားတွေကိုMayသဘောကျတယ်သိလား..Mayဆိုမေးနေရင်းနဲ့P'Arthitအဖြေတွေမှာမျောသွားတာ.."
"အဟမ်း..May.."
"အာ..Kong.."
ခပ်တည်တည်သူငယ်ချင်းဖြစ်သူKongကိုတွေ့ရတော့မှသူစကားကိုရပ်လိုက်သည်..တော်ကြာ သူ့P'Arthitကိုစကားပြောလို့ interview clipကို editမလုပ်ပေးဘူးဆိုရင် သူတို့အမှတ်တွေလျော့ရမှာ.."
"ဟို..Kong..တစ်ခါတည်းလိုက်ခဲ့မှာလား..ကျောင်းကို.."
"အင်း..လိုက်မှာ..အရင်သွားနှင့်လိုက်လေ..အောက်မှာခဏစောင့်ငါလိုက်လာခဲ့မယ်.."
"Ok..ဒါဆိုငါသွားနှင့်မယ်.."
"အင်း..အာ..May.."
"ဘာလဲKong.."
"ရော့ clip..နောက်နေ့မှငါပြန်ယူမယ်.."
"အော်..အေး..အေး.."
clipကိုလှမ်းယူပြီးMayထွက်သွားတော့မှ သူOonကိုကြည့်လိုက်သည်..။
![](https://img.wattpad.com/cover/188941529-288-k603635.jpg)
YOU ARE READING
~Spiritual Love~(Z/U)
Fanfictionရစ်ပတ်နွယ်တတ်သောအချစ် ဘယ်သူကဘယ်သူ့ကိုနွယ်မှာလဲ.....