~Spiritual Love~
(Uni)
Part(19)
နေ့ရက်တွေက တစ်ရက်ပြီးတစ်ရက်ပြောင်းလဲနေသည်..Arthit..Kongpopဆက်ဆံရေးကလည်း တစ်နေ့တစ်ခြားပြောင်းလဲလာပြီလို့ထင်ရပေမဲ့..အထူးခြားကြီးတော့မဟုတ်သေး..သေချာတာတစ်ခုကတော့ အရင်အချိန်တွေလို အဖုအထစ်မများတော့..။
ဥပမာ..မေ့လောက်ပြီးဖြစ်နေသည့် ထိုညကနေ့ရက်...Samကတော့ သူတို့မင်္ဂလာပွဲပြီးတည်းက U.Kကိုအလုပ်ကိစ္စနှင့်သွားခဲ့သည်..အခုဆို ခြံကြီးထဲ Arthit..Kongpopနှစ်ယောက်တည်း....။
"P'Arthit..Krup.."
"ဟင်..Kongpop.."
"ဟို..."
"ဘာလဲKongpop..ဘာပြောမလို့လဲ..."
"ခဏ.."
ခဏလို့ပြောပြီးထွက်သွားသည့်Kongကြောင့် သူ လုပ်လက်စအလုပ်ကိုသာလုပ်နေလိုက်သည်..။
"P'Arthit.."
"ဟင်..ဘာလဲ.."
"ရော့.."
"ဘာကြီးလဲ..."
ထိုးပေးလာသော ဗူးကိုဖွင့်ကြည့်လိုက်ပြီး..Arthitပြုံးလိုက်သည်...ငွေရောင်တောက်နေသည့် ဘောပင်လေး..။
"Kongpop.."
"လှည့်ကြည့်လိုက်.."
Kongpopပြောသည့်အတိုင်း ဘောပင်လေးကိုလှည့်ကြည့်လိုက်တော့ ဘောပင်ထောင့်စွန်းနားလေးက ရေးထိုးထားသည့် စာသားလေး..။
Arthitဘောပင်လေးကို အနားတိုးကပ်လိုက်ကာရေးထားသည်ကိုကြည့်လိုက်တော့...။
"I-Aoon.."
"I-Aoonဟုတ်လား..Kongpop.."
"အင်း.."
အင်းလို့ဖြေလိုက်ရင်း ခုံကိုဆွဲယူထိုင်လိုက်ကာသူနှင့်မျက်နှာချင်းဆိုင်လိုက်သည့်Kongpop..။
"P'Arthit..Krup.."
"ဒီနေ့ဘာနေ့လဲသိလား.."
မေးမြန်းမှုနှင့်အတူ..သူ့လက်ကိုဆုပ်ကိုင်လိုက်သည့် လက်တစ်စုံက နွေးထွေးစွာ...။
"ဒီနေ့လား..ဒီနေ့sundayလေ.."
sundayလေ..ဒါကြောင့် သူတို့နှစ်ယောက် တစ်နေ့လုံးနားနေကြတာကို...။
YOU ARE READING
~Spiritual Love~(Z/U)
Fanfictionရစ်ပတ်နွယ်တတ်သောအချစ် ဘယ်သူကဘယ်သူ့ကိုနွယ်မှာလဲ.....