~Spiritual Love~
Part(23)
(Uni)
မနက်အလင်းရောင်ဖျဖျလေးမြင်ရသည်နှင့်Arthit ထလိုက်သည်..ဒါပေမဲ့ သူ့ခါးကိုဖက်ထားသည့်Kongလက်တွေကတင်းလျက်...။
ဘေးကိုကြည့်လိုက်တော့ Kongကအိပ်မောကျနေသည်..သူKongလက်ကို ဖယ်ရန်ပြင်လိုက်ပေမဲ့ ထပ်ပြီးတင်းကြပ်သွားသည့်Kongလက်..။
"Kong..ဖယ်အုန်းကွာ..."
Kongကိုပြောလိုက်ရင်း လက်ကိုဆွဲဖယ်လိုက်တော့..
"Oon..ဘယ်မှမသွားရဘူးနော်.."
"အေးပါ.."
သူKongကိုပြောလိုက်ရင်း လက်ကိုဆွဲဖယ်လိုက်တော့မှ Kongလက်ကလွတ်သည်..။
သူKongကိုတစ်ချက်ကြည့်လိုက်ပြီးမှ ကုတင်ပေါ်ကဆင်းလိုက်သည်..မနေ့ညက ကိစ္စကို သူအခဲမကြေသေး...။
သူမနက်စာပြင်ဆင်ပြီးတာနှင့် ရုံးကိုထွက်ရန်ပြင်ဆင်လိုက်သည်..သူ Kongနိုးသည့်အချိန်ထိ မစောင့်ချင်..Kongကိုစိတ်ဆိုးနေသည်ဆိုလည်းမှန်သည်.. ။
"Kong..ငါမနက်စာပြင်ထားခဲ့တယ်..မင်း.."
"Oon..ဘာလုပ်နေတာလဲ.."
ရေးလက်စကိုဖယ်ပြီး အနောက်ကိုလှည့်ကြည့်လိုက်တော့ Kongက အိပ်မှုန်စုံမွှားပုံစံနှင့်...။
"ငါအလုပ်သွားတော့မလို့..မနက်စာလုပ်ထားခဲ့တယ်လို့ရေးနေတာ..မင်းပြန်အိပ်လေ.."
"ဟင့်အင်း..Oonအလုပ်ကအစောကြီးပဲလား.."
"အင်း.."
"ဘာလဲ..မနေ့ကကိစ္စကိုစိတ်ဆိုးမပြေသေးဘူးလားOon.."
သူ့ရှေ့လာရပ်ကာမေးလိုက်သည့်Kongရဲ့မျက်လုံးတွေကို ကြည့်လိုက်တော့ ၀မ်းနည်းရိပ်သန်းနေသည်..။
"မဟုတ်ပါဘူး..အလုပ်တွေရှိလို့.."
"လိမ်တယ်..ခုနကပဲ..P'mieMessageပို့တယ်..ဒီနေ့အလုပ်တွေမရှိလို့..အေးဆေးနားပြီးမှလာလည်းရတယ်တဲ့..တစ်နေကုန်မလာလည်းဖြစ်တယ်တဲ့.."
Kongစကားကြောင့် သူဘာဆက်ပြောရမလဲမသိ..။
"ဒါပေမဲ့..ငါအလုပ်သွားရမယ်လေ.."
"မသွားနဲ့..ကျတော်ခေါင်းကိုက်နေတယ်.."
"ဟင်..တော်တော်ကိုက်နေလား..အဲ့တာကြောင့်ငါပြောပါတယ်..သိပ်မသောက်နဲ့လို့..ပြီးတော့ ရေကိုလည်းအကြာကြီး..."
![](https://img.wattpad.com/cover/188941529-288-k603635.jpg)
KAMU SEDANG MEMBACA
~Spiritual Love~(Z/U)
Fiksi Penggemarရစ်ပတ်နွယ်တတ်သောအချစ် ဘယ်သူကဘယ်သူ့ကိုနွယ်မှာလဲ.....