~Spiritual Love~
(Uni)
Part(14)
သူArthitအခန်းကို၀င်၀င်ချင်းမြင်လိုက်ရသည့်မြင်ကွင်းကြောင့်ရင်ထဲမကောင်း...Arthitစပြီးမူးလဲကတည်းက ယောက်ယက်ခက်နေသည့် သားငယ်က အခုချိန်ထိArthitဘေးနားက ခြေတစ်ဖဝါးမှမခွာ...အခုလည်း Arthitဘေးနားအိပ်ပျော်နေလေရဲ့...။
"သားငယ်..."
"ဟင်..Por.."
အိပ်ချင်မူးတူးဖြစ်နေသည့်သားငယ်ကိုလှုပ်နိူးလိုက်ပြီး သက်ပြင်းချလိုက်သည်..။
"သွားနားလိုက်ပါလား..ArthitကိုPorဆက်စောင့်လိုက်မယ်..နော်..သားငယ်.."
"ရတယ်Por..ကျတော်ပဲ ဆက်စောင့်လိုက်ပါ့မယ်..မှေးလိုက်တော့ အိပ်ရေး၀သွားသလိုပဲ..Porသွားအိပ်တော့လေ..P'Arthitကို ကျတော်ပဲဆက်စောင့်လိုက်ပါ့မယ်.."
"သားကြည့်ရတာ အရမ်းပင်ပန်းနေသလားလို့..."
"မပင်ပန်းပါဘူးPor.."
"အင်း..အဲ့တာဆို Porသွားအိပ်တော့မယ်နော်.."
"Krup..Por.."
Porထွက်သွားပြီးတာနှင့် အိပ်ပျော်နေသည့် P'Arthitကိုကြည့်ပြီး သက်ပြင်းချလိုက်သည်..ပြီးတော့ နှဖူးထက်သူ့လက်ကိုတင်လိုက်ပြီး နှဖူးထက်ကျနေသည့်ဆံနွယ်တွေကိုသက်တင်လိုက်သည်...။
"P'Arthit..ခဗျားအိပ်နေတာကြာနေပြီ..ဘာလဲ ကျတော်ကို မတွေ့ချင်သေးလို့ အိပ်ချင်ယောင်ဆောင်နေတာလား.. "
မြင်နေရသည့် ဖြူလျော့လျော့မျက်နှာလေးကြောင့် ရင်ထဲနာနာကျင်ကျင်..။
"ပင်ပန်းလွန်းလို့ သွေးပေါင်တွေကျ ပြီး
မေ့လဲသွားတာပါ..သိပ်စိုးရိမ်စရာမရှိပါဘူး..ဆရာအိပ်ဆေးထိုးထားပေးတယ် နိူးလာရင်တော့ သက်သာသွားမှာပါ..ဆရာ ဆေးပေးခဲ့မယ် သုံးရက်လောက်ထိတော့ ပင်ပင်ပန်းပန်းတွေ စိတ်ဖိစီးတာတွေမဖြစ်အောင် ဂရုစိုက်ပေးပါ..ဆရာသွားတော့မယ်..တစ်ခုခုဆို ဖုန်းဆက်ပေါ့..Arthit ဒီလိုဖြစ်တာတော့ အံ့သြမိတယ်.. ဘာပဲဖြစ်ဖြစ် ဂရုစိုက်ပေးပါ..သူက နေမကောင်းဖြစ်တဲ့အချိန်ဆို အရမ်းအားငယ်တတ်တာ ပုံမှန် တတ်ကြွနေတတ်ပေမဲ့ သူ အားအနည်းဆုံးအချိန်က နေမကောင်းဖြစ်ချိန်ပဲ...Samကိုလည်း ဆရာသွားပြီလို့ပြောပေး..."
YOU ARE READING
~Spiritual Love~(Z/U)
Fanfictionရစ်ပတ်နွယ်တတ်သောအချစ် ဘယ်သူကဘယ်သူ့ကိုနွယ်မှာလဲ.....