Spiritual Love 17

1.2K 103 2
                                    

~Spiritual Love~

(Uni)

Part(17)

မင်္ဂလာပွဲနေ့....

ဒီနေ့Kongpopနဲ့သူ့ရဲ့ မင်္ဂလာနေ့...မနက်ခင်းကတော့ ရုံးသွားကာ နှစ်ဦးသဘောတူလက်မှတ်ထိုးကြသည်..ပြီးတော့ ညပိုင်း မိတ်ဆွေ သူငယ်ချင်းများဖြင့် ညပိုင်း မင်္ဂလာညစာပွဲ ကိုကျင်းပကြသည်....။

လူနည်းစုပေမဲ့ နှစ်ယောက်စလုံးရဲ့မိတ်ဆွေ သူငယ်ချင်းတွေက ဖော်ရွေကြသည်..ခင်လွယ်ကြသည်..သူတို့ရဲ့ကိစ္စကို တစ်ယောက်မှ အစမဖော်ကြသည်မို့ နည်းနည်းတော့ ပျော်မိသည်...။

"P'Arthitတစ်ယောက်တည်းဘာလုပ်နေတာလဲ.."

တစ်ယောက်တည်းထိုင်နေသည့်P'Arthitနားသွားလိုက်ကာမေးလိုက်တော့ သူ့ကိုပြုံးပြလာသည့် P'Arthitက...

"အာ..Kong..ငါညောင်းလို့ ခဏလာထိုင်နေတာ.."

"ညောင်းနေတာလား.."

ရုတ်တရပ်သူ့ရှေ့ဒူးထောက်လာသည့်Kongpopကြောင့် သူ အလန့်တကြားထလိုက်သည်...။

"Kong..Kongpop..ဘာလုပ်မလို့လဲ.."

"လာ..ထိုင်လေ..P'Arthitညောင်းနေတယ်ဆို..လာ.."

သူ့လက်ကိုလှမ်းဆွဲလိုက်ပြီး ခုံမှာထိုင်ခိုင်းလိုက်တာကြောင့် သူ ခုံမှာပြန်ထိုင်လိုက်တော့ Kongpopက စကားစသည်...။

"P'Arthitအရမ်းပင်ပန်းနေပြီမဟုတ်လား.."

"အဲ့လောက်လည်းမပင်ပန်းပါဘူး..."

"မဟုတ်တောင် P'Arthitက ရုံးမှာလည်း တစ်နေကုန်ပင်ပန်းနေတာကို.."

ရုံးတစ်ဖက် မင်္ဂလာပြင်ဆင်မှုတွေကတစ်ဖက်မို့ P'Arthitတော်တော်ပင်ပန်းနေသည်ထင်ပါရဲ့...။

"တော်တော်ညောင်းနေလားP'Arthit..ဟုတ်သား ဒီနားတွေတော်တော်တင်းနေတာပဲ.."

"Kong..Kongpop...မလုပ်.."

Kongpopရဲ့လက်တွေက သူ့ခြေထောက်နားဟိုသည်ဖိလို့...။

"မလုပ်နဲ့Kongpop..."

"ခဏလေးပဲ..P'Arthit..ခဏလေးပဲနှိပ်ပေးမယ်နော်..."

"Kong..မင်းကဒီရောက်နေတာလား.."

"အော်...M.."

Arthit..ခုံကချက်ခြင်းထလိုက်သည်..မဟုတ်ရင် Kongpopဒီလိုနှိပ်ပေးနေတာကိုသာမြင်သွားခဲ့ရင်...။

~Spiritual Love~(Z/U)Donde viven las historias. Descúbrelo ahora