ကျိန်​စာ

19.9K 104 4
                                    

"ကျိန်စာ" sex story (မချစ်တတ်သူများ မဖတ်ရ)

အပိုင်း(၁)

"နင် လိင်စိတ်ဖြစ်တိုင်း ငါနဲ့ပဲ ဆက်ဆံပါ ခေး နင့်လိုအပ်တိုင်း ငါရှိနေမှာပါ ဟာ"

"အင်းပါကို"

"နင့် ဆန္ဒအတွက်ဆို လုပ်နေရင်း လဲသေသွားပါစေ ငါမမှုဘူး"

"အင်းပါ ကိုရာ ခေး ကတိပေးတယ်"

" နင်နဲ့ငါ သစ္စာဆိုရအောင် လာ "

" ---------------------------------"

"ဤမှန်သော သစ္စာ စကားကြောင့်---------------"

အပိုင်း(၂)

ငဒုံး --- ဒီကောင်က ထူထူအအ ကောင်လို့  လူတိုင်းက ထင်ကြတယ်။ ဒါပေမယ့် ငဒုံးက မထူဘူး။ သူက သီးခံတတ်တယ်။ ဟိုလူက ခိုင်းလည်း ကူညီတာပဲ ဒီလူက ခိုင်းလည်း ကူညီတာပဲ။ မတရားတာမြင်လည်း ရပ်ကြည့်မနေတတ်ဘူး။ သူက အသားဖြူ စိတ်ကောင်းရှိပေမယ့် ရုပ်ဆိုးတယ်။ မွေးရာ ဘု တခု မျက်နှာပေါ်မှာရှိတယ်။

ခေး---ခေးဆိုတာ နာမည်ရင်း မင်းထက်။ သူငယ်ငယ်က သူ့ကိုသူ ခေး ခေးနဲ့ ပြောလို့  လူတိုင်းက ခေးလို့ ခေါ်ကြတယ်။ ခေးက ဒီမြို့ လေးမှာ ကင်း ပဲ။ မျက်ခုံးထူထူ မျက်နှာသွယ်သွယ် ဆံပင် ကောက်ကောက် နဲ့ အသားအရေလည်းလှတယ်။
စော်တွေ နှစ်ခါပြန်ကြည့်ရတဲ့ရုပ်မျိုး။ခေးက ကြောက်တတ်တယ်။

ခေး ငယ်ငယ်ပထမတန်းတုန်းက ကျောင်းထဲမှာ ခေးဆီက မုန့် ကို သူ့ အတန်းထဲက ၃ယောက်က လုစားတယ်။ လုစားရုံတင်မက ခေးကို ဝိုင်းရိုက်တော့ ငဒုံးက ခေးကို ကာကွယ်ပေးရင်းနဲ့  လာလုတဲ့  ၃ယောက်ကို ထိုးလွှတ်လိုက်တယ်။ ငဒုံးက အဲ့တုန်းက ၃တန်း။ နောက်နေ့ ကျတော့ assemblyမှာ ငဒုံး တကျောင်းလုံးရှေ့ မှာ အရိုက်ခံရတယ်။ ကောင်မလေးတွေက ရုပ်ဆိုးသလောက်မိုက်ရိုင်းတယ်လို့ ပြောကြတယ်။

အဲ့နေ့ ကျောင်းဆင်းချိန်မှာ ခေးက သားကြောင့် ကိုကို အရိုက်ခံရတာ နာလားလို့  မေးတယ်။ သူ့ ပုခုံးကို ဖက်ပြီး မနာပါဘူးကွာ မသိလိုက်ရိုက်တာပဲ လို့  ပြန်ပြောလိုက်တယ် ။ အဲ့နောက်ပိုင်း ကျနော်က ခေးနဲ့  ကျောင်းသွားကျောင်းပြန် အတူတူ။ ကျနော်လည်း ခေးကို ကာကွယ်ပေးရင်း တနေ့ တခြား လူဆိုးဖြစ်လာခဲ့တယ်။

၁၈ နှစ်​​အောက်​ မဖတ်​ရ 🔞Where stories live. Discover now