ကျောင်းသားဘဝ

9.5K 69 1
                                    

ကျောင်းသားဘဝ
.............................
18+ gay sex story ဖြစ်ပါသည်။ မကြိုက်သူများကျော်သွားနိုင်ပါသည် ခင်ဗျာ

...........................................
ထက်စည်သူ

"ကျောင်းနောက်ကျနေလို့သွားပြီ ဒယ်ဒီ"

ကော်ဖီကိုကမန်းကတမ်းကောက်မော့ကာ ထွက်လာခဲ့သည်။

ဟူး....နောက်ကျတာက ကျနေပြီပဲ။ မထူးတော့ပါဘူး။ ကားချောင်မှပဲစီးသွားတော့မယ်။ ကိုယ့်အတွေးနှင့်ကိုယ်မှတ်တိုင်မှာ အေးအေးဆေးဆေးရပ်နေလိုက်သည်။

ကျွန်တော်က ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (အများအခေါ်တော့ GTC ပေါ့ဗျာ) က ကျောင်းသားတစ်ယောက်ပေါ့။ ကျောင်းသားများတာရော၊ လိုင်းကားအရေအတွက်မလုံလောက်သေးတာကြောင့်ရော ကျောင်းတစ်ခါသွားပြီဆို စိတ်ညစ်လောက်အောင်လူတိုးပြီးစီးရတာဖြစ်သည်။ တစ်ယောက်နဲ့တစ်ယောက်လဲကျပ်ညပ်နေတာဖြစ်သည်။ မိန်းကလေးတွေနဲ့ဆို လူက ဘယ်လိုမှမနေပေမဲ့ ကိုယ်တွေက gay ဆိုတော့ နောက်ပိုင်းလှလှလေးနဲ့ ကောင်လေးတွေနားရပ်ရရင် မတည်ငြိမ်နိုင်တော့။

လမ်းသွားတိုင်းနားကြပ်တပ်သွားတတ်တာမို့ သီချင်းနားထောင်ရင်း ကားဂိတ်မှာရပ်နေကာ ဟိုတွေးဒီတွေးလုပ်နေမိသည်။

ထိုစဉ် လိုင်းကားတစ်စီး ရောက်လာတာမို့ ကျောင်းသားတွေ တိုးဝှေ့တက်သွားကြပြန်သည်။ ကိုယ်တွေကတော့မလှုပ်မိသေး။
ခုနက အနားမှာရပ်နေသော တစ်ယောက်က လှည့်ကြည့်လှည့်ကြည့်လုပ်ကာ ကားပေါ်တက်သွားလေသည်။

ကျွန်တော်လဲ ထုံးစံအတိုင်းပြုံးမိပြန်ကာ သေချာစိုက်ကြည့်နေလိုက်သည်။ ကားပေါ်ရောက်တဲ့အထိ ကြည့်နေတာမို့ ကျွန်တော်မျက်နှာလွှဲကာပြုံးမိရပြန်သည်။

ကားထွက်သွားပြီး ငါးမိနစ်မကြာသေးခင် နောက်တစ်စီး ရောက်လာပြန်သည်။ ကားပြိုင်လာတာထင်ပ။ မဟုတ်ရင်အဲ့လောက်မမြန်နိုင်။ ထိုင်စရာနေရာရှိနေသေးတာမို့ ကျွန်တော်လဲတက်လိုက်ကာ နောက်ဆုံးရဲ့ထောင့်နားမှာဝင်ထိုင်နေလိုက်သည်။

ကားက လှည်းတန်းကျော်လာတော့အမြန်မောင်းကာ ရှေ့က ကားကိုကျော်တက်ခဲ့ကြသည်။ အင်းစိန်ဘက်လဲကွေ့ရော ဝုန်းကနဲမြည်ပြီး ကားက ထိုးရပ်သွားပါရော။ ဘယ်သူမှဘာမှမဖြစ်တာကံကောင်း။ ၅နှစ်လုံးကျောင်းတက်တာလဲ ဘုရားတနေရတဲ့အချိန်ကခပ်များများ။ သူတို့လဲစားဝတ်နေရေးအတွက် အလုအယက်ဖြစ်နေကြရတာမို့ ဘယ်သူ့ကိုမှအပြစ်မပြောလိုတော့။

၁၈ နှစ်​​အောက်​ မဖတ်​ရ 🔞Where stories live. Discover now