လွဲမှားသော ရင်ခုန်သံ

7.7K 37 0
                                    

လွဲမှားသော ရင်ခုန်သံ (18+)

မိုးရေတွေထဲ ထီးမပါပဲ တစ်ယောက်တည်းပေတရာ လမ်းလေးတွေပေါ်လျှောက်လမ်းလာခဲ့၏၊ မိုးဖွဲဖွဲ လေးထဲမှာ အမှားအမှန်ကို ခွဲခြားနေပေမဲ့ ပြီးသွားခဲ့ပြီးမဟုတ်လား၊ ဖုန်းကို ဆက်တိုက်ခေါ်ဆိုပေမဲ့ တစ်ဖက်က ပြန်မကိုင်ပဲ ချပစ်လိုက်သည်၊ နောက်ဆုံး ဖုန်းပိတ်လိုက်တော့ မျှော်လင်ချက်မဲ့စွာ မည်သူ၏ အမှားမှန်မသိပဲ၊ သဘောတူလမ်းခွဲခဲ့ရပေမဲ့ ကျန်ရစ်ခဲ့သော ရင်တွင်းဒဏ်ရာက နက်နဲလျက်၊

မာန်တို့ ချစ်ခဲ့ကြသည် တစ်နှစ်ကျော်မှာ အရာအားလုံးအဆင်ပြေခဲ့ပေမဲ့ အဆင်မဖြေမှုကတော့ လိင်တူဖြစ်နေချင်ပါပဲ၊ ချစ်ခဲ့တဲ့ အချိန်က အရာအားလုံးကို နားလည်စွာရှေ့ဆက်ရန်ကြို့စားမည့်ဟု စဉ်စားခဲ့ပေမဲ့ ပတ်ဝန်းကျင်ရဲ့ ထိုးနက်မှုကိုလဲ ခံစားခဲ့ရသေသည်၊ ထက်ယံ ရန်ကုန်သို့ ခရီထွက်သွားခဲ့သည်မှာ ၆လ ပြည့်ခဲ့ပြီးအဆက်အသွယ်မပြက် ချစ်ခဲ့ကြပေမဲ့ မာန်ကို တွေရန် ၃လဆက်တိုက်ပြန်လာခဲ့ပေမဲ့ ပြန်မလာစဉ် ၃လအတွင်းတော့ မာန်ခံစားခဲ့ရသည်မှာအမှန်၊ စာမေးပွဲကိုအကြောင်းပြကာ ဆက်သွယ်မှုလဲ အနည်းငယ်ပြက်တောက်လားသည်၊ ထိုအခြေအနေတွေက မာန် အတွက် တစ်ဖြည်းဖြည်း စိတ်နာလာခဲ့သည်၊

ဆောက်လုပ်ရေး Company တစ်ခုမှာ မာန် အင်ဂျင်နီယာအလုပ်စလုပ်ချိန်ထဲက ကိုဇင်က ညီအကို သူငယ်ချင်းတစ်ယောက်ထက် ဂရုစိုက်ခဲ့သည်၊
" ညီလေး မာန် ကိုတို့ဘီယာသွားသောက်ရအောင်" လကုန်ရက်လဲဖြစ် သောကစိတ်တွေ ပြေပျောက်အောင့် ကိုဇင်နောက်လိုက်ခဲ့မိသည်၊
" မာန်! မင်းသောက်နိုင်ရဲ့လား? " စိတ်ပူသည် စိတ်က ကိုဇင် မျက်နှာပေါ်ထင်ကျန်စေသည်။
" သောက်နိုင်ပါတယ်...သူငယ်ချင်တွေနဲ့ တစ်ခါတစ်လေတော့သွားသောက်ဖြစ်တယ်" နှစ်ဦးသား ဘီယာ သောက်ရမှ အနည်းငယ်မူလာခဲ့သည်။
" ကိုဇင်... စာကျက်နေတဲ့ လူတစ်ယောက်က ဖုန်းလေ ၁မိနစ်တောင် ခေါ်ဖို့မအားဘူးဆိုတာ ဖြစ်နိုင်လား" ကိုဇင် ပြုံး၍ ခေါင်းခါပြလိုက်သည်။
" တွေ့လာ ကိုဇင်တောင်လက်မခံဘူး၊ ဒါကို ကျတော်လဲ လက်မခံဘူး" အသိစိတ်လွတ်စွာ မမူးပေမဲ့ ရင်တွင်းတစ်ယောက်ထဲ ခံစားနေမှုကို ရုင်ဖွင့်လိုက်တော့ စိတ်ထဲပေါ့ပါးသွားသည်။

၁၈ နှစ်​​အောက်​ မဖတ်​ရ 🔞Tahanan ng mga kuwento. Tumuklas ngayon