817 49 1
..........................အပိုင်း(၁၉)....................
Zawgyi......
"သမားတော်အခြေနေဘယ်လိုရှိလဲစိုးရိမ်ရလား?"
"သိပ်စိတ်မပူပါနဲ့မြင်းပေါ်ကကျတဲ့အရှိန်နဲ့နောက်ပြီး
အိပ်ရေးမဝတာရယ်ပင်ပန်းတဲ့ဒဏ်ကြောင့်ခဏသတိလစ်သွားတာပါ....ဆေးပေးခဲ့မှာမို့သူနိုးလာရင်သာ
တိုက်လိုက်ပါ"
"ကျေးဇူးပါ.... မုံယွီသမားတော်ကိုလိုက်ပို့ပေးလိုက်"
"ဟုတ်...သမားတော်ကြွပါ...."
စောယာ....ခုတင်ထက်တွင်မှေးစက်အနားယူနေတဲ့
ဖြူဖျော့ဖျော့မျက်နှာလေးကိုကြည့်ကာဝမ်းနည်းတဲ့
စိတ်ကရင်ထဲမှာကြီးစိုးလာတယ်....မိမိကြောင့်ဟု
အပြစ်တင်မိတဲ့စိတ်အစဉ်ကဖျောက်ဖျက်လို့မရ...
သွေးအနည်းငယ်စွန်းပေနေတဲ့ပတ်တီးအဖြူစလေးရှိ
ရာသူ့ရဲ့ညာဘက်လက်ကိုဆုပ်ကိုင်ကာခပ်ဖွဖွလေး
နမ်းလိုက်တယ်....
"ဒီလောက်လှတဲ့လက်ချောင်းလေးတွေကခုတော့
ဒဏ်ရာဗလပွနဲ့ဖြစ်နေပါကောလား....အားစစ်မင်း
ဘာလိုဒီလောက်တောင်ခေါင်းမာရတာလဲ......."
လိုက်ကာနောက်ကွယ်ကနေနဲ့လှမ်းမြင်နေရတဲ့မုံယွီအဖို့ဤမြင်ကွင်းဟာသူ့အား'စွံအ'စေခဲ့သည်....
ဆက်ကြည့်နေမိရင်လဲကိုယ်ပဲနာကျင်ရမှာမို့မုံယွီထို
မြင်ကွင်းမှာကျောခိုင်းကာထွက်သွားလေသည်
အပြင်တွင်တော့စစ်သူကြီးယာယီတဲထဲကမျက်နှာ
မကောင်းစွာထွက်လာတဲ့တပ်မှူးကြီးမုံယွီအားဝိုင်းမေး
ကြလေသည်
"တပ်မှူးကြီးအစ်ကိုအားစစ်အခြေနေဘယ်လိုလဲ
သက်သာရဲ့လား..."
မုံယွီပြန်မဖြေမိ....
"ဟင်တပ်မှူးကြီးမျက်နှာလဲမကောင်းပါလား....
အားစစ်သူတစ်ခုခုဖြစ်လို့လား....ပြောပါဗျာကျွန်တော်
တို့စိတ်ပူလို့ပါ"
မုံယွီသူအားတတွတ်တွတ်လိုက်လံမေးနေသောလူ
အုပ်ကြီးအားစိတ်မရှည်လှ
"သူဘာမှမဖြစ်ဘူး...!"
"ဘာမှမဖြစ်ဘူးသာပြောတယ်တပ်မှူးမျက်နှာက"
"တိတ်ဇမ်း...!ကိုယ်အဆောင်ကိုယ်ပြန်ကြ..!"
"ဟုတ်"
(မျက်နှာဖုံးရှင်စောယာ) (မျက်နှာဖုံးရှင်စောယာ)Where stories live. Discover now