(အစားထိုးမရသူ) (အစားထိုးမရသူ)

748 39 0
                                    

.........................အပိုင်း(၂၃)...................
Zawgyi.....
မီးဖိုချောင်ထဲတွင်ဟင်းလိုက်မြည်းနေသောဝတ်ပုတ်
လေးအားလှမ်းခေါ်လိုက်တော့ပါးစပ်ထဲမှာလည်း
ပလုတ်ပလောင်းနဲ့အံသြပြူးကျယ်နေသောမျက်လုံး
အစုံမှာမျက်ရည်များဝေ့သီလျက်ကျွန်တော့်အား
ကျောက်ရုပ်လိုရပ်ကြည့်နေသောအားမင်ဆီကျွန်တော်
ပြေးသွားကာပွေ့ဖက်လိုက်ပြီး

"အားမင်...မင်းနေကောင်းတယ်နော်....ကိုကြီးဆော
ကြာမြိုင်ကိုရောက်ခဲ့သေးတယ်သူတို့ကညီကိုအခြား
ကုန်တစ်ယောက်ဆီရောင်းလိုက်တယ်လို့ပြောတယ်"

"ဒီမှာတွေ့လားကိုကြီးမင်းကိုရွေးဖို့ပိုက်ဆံရှာလာ
တယ်"

အားစစ်သူ့ခါးတွင်ချိတ်ထားသောငွေထုတ်ကိုမြှောက်ပြ
ကာပြုံးလေသည်သို့သော်အားမင်ကတော့သူအားခုထိစကားတစ်လုံးမှမပြောသေးပေ

"အားမင်ကိုကြီးကိုသတိမရဘူးလား....ခုလိုတွေ့တော့
မပျော်ဘူးလား..."

မျက်ရည်တွေတာကျိုးသလိုကျလာသောအားမင်
ကြောင့်အားစစ်ရင်ထိတ်ရပြန်သည်

"ဘာလိုလဲညီမင်းဒီမှာမပျော်ဘူးလားစိတ်ချကိုယ်မင်း
ကိုဒီကသခင်ကြီးဆီကရွေးပြီးတို့ညီအစ်ကိုအဝေးကို
ထွက်သွားကြမယ်"

သူကိုတွန်းကာတစ်ဖက်လှည့်သွားသောအားမင်

"ကျွန်တော်ဘယ်မှမသွားဘူးကျွန်တော်ဒီမှာပဲနေမှာ
ကျွန်တော်ဒီမှာပဲပျော်တယ်ကျွန်တော်အစ်ကိုနဲ့ပြန်
မလိုက်ဘူး"

"ဘယ်လို.....!"

ကျွန်တော်အားမင်ရဲ့အပြုမူနဲ့စကားတွေကို
နားမလည်တော့မတွေ့ရတဲ့အတော်တွင်းဒီကောင်လေး
သူ ့အားတော်တော်စိမ်းသွားလေသည်

အဒေါ်ကြီးကပဲဝင်ပြောရတော့သည်

"သားရယ်မင်းညီလေးကိုငါတို့ဘာမှမခိုင်းပါဘူး....
သူဒီမှာကလေးလိုပဲအိပ်လိုက်စားလိုက်နေခိုင်းထား
တာပါနောက်ပြီးသခင်လေးကလဲဘာအလုပ်မှမခိုင်း
ဖို့မှာထားတယ်"

"အဒေါ်ပြောတာကျွန်တော်နားမလည်ဘူးအားမင်းကို
ပိုက်ဆံပေးဝယ်ပြီးဘာမှမခိုင်းဘူးဆိုတာကျွန်တော်
နားရှိလို့သာကြားရတယ်မယုံနိုင်ဘူးဒီလိုအလုပ်ရှင်
မျိုးရှိသေးလို့လား"

(မျက်နှာဖုံးရှင်စောယာ) (မျက်နှာဖုံးရှင်စောယာ)Where stories live. Discover now