:":":":":":":":":အပိုင်း(၂၈):":":":":":":":":":
Zawgyi...
ယာယီတဲများအနှံအနီရောင်မီးဗုံးများချိတ်လျက်.....မီးရှူးမီးဗန်းများနဲ့ကခုန်နေသောလူအချို့.....စားကြသောက်ကြပျော်ပါးလျက်.....ထိုအခြေနေနဲ့ဆန့်ကျင်စွာယာယီတဲငယ်လေးထဲကအနီရောင်ဝတ်စုံနဲ့ကောင်လေး
တစ်ယောက်မျက်နှာထက်တွင်တော့အသက်မဲ့အပြုံးကနေရာယူလျက်....ထိုနောက်ယာယီတဲရှိရာဝင်လာသောသူ
အားစောယာလှည့်မကြည့်ပါဘဲအလိုလိုသိနေသည်...."စော...အဝတ်စားလဲပြီးပြီလား"
ကျွန်တော်ပါးပြင်ကမျက်ရည်စအချို့ကိုအမြန်သုတ်ပစ်ကာ....
"ခင်ဗျားဘာလာလုပ်တာလဲ"
"သြော်စောရယ်....ကိုယ့်သတို့သားအခန်းကိုလာတာမေးစရာလိုသေးလားဟော့ဒိမျက်နှာလေးကိုတွေ့ချင်လို့ပေါ့..."
စောရဲ့မေးဖျားကိုလှမ်းကိုင်ဖို့ကြိုးစားတဲ့
ထန်းလျန်ရဲ့လက်ချောင်းတွေကိုရှောင်
ဖယ်လိုက်တာမို့....ထန်းလျန်မျက်နှာ
တစ်ချက်ပျက်သွားသော်လည်း.....
ချက်ချင်းဆိုသလိုကြောက်စရာကောင်း
တဲ့ရယ်သံနဲ့အတူ...."စောက...ကိုယ်ကိုရှက်နေတာပဲ...."
သေလိုက်လေဒီကသူ့ကိုရွံလို့....
"ခင်ဗျားမသွားသေးဘူးလား"
"မနှင်ပါနဲ့ကွာ...မကြာခင်ကိုယ်တို့ကအချစ်
ငှက်မောင်နှံတွေဖြစ်ကြတော့မယ့်ဟာ....
ကိုယ်ခဏနေပြန်လာခဲ့မယ်စောင့်နေ...
အရှေ့မှာအစောင့်တွေအများကြီးချထားတယ်မင်းထွက်ပြေးဖို့တော့ကြိုးစားမယ်
မကြံနဲ့နော်ခုမင်းကိုကိုယ်ပိုင်တယ်ဆိုတာသတိရ""ကျွန်တော်သိတယ်ခင်ဗျားပြောလို့ပြီးရင်သွားတော့"
"မင်း!"
မှန်တင်ခုံရှေ့တွင်ထိုင်နေသောစောအားနောက်ကနေသိုင်းဖက်လိုက်ကာလည်ပင်း
ကိုသန်မာတဲ့လက်ချောင်းများဖြင့်ဖျစ်ညစ်
ထားပြီအနားကိုတိုးကပ်လာရင်း"စောမင်းရဲ့အသက်ကငါ့လက်ထဲမှာရှိတယ်ဆိုတာမမေ့နဲ့အုန်း..."
"အားစစ်ကိုဘာမှမလုပ်ပါနဲ့"
"ဒါဆိုလိမ်လိမ်မာမာနေလေ...စကားနား
ထောင်မှပေါ့ကဲကိုယ်သွားမယ်စောင့်နေနော်"
YOU ARE READING
Ficción históricaUnicode...Zawgyi...ရပြီ ဖိုးဖိုး....ဒီပန်းချီကားထဲကဘယ်သူလဲ....! အင်း.....သူကတော့ တစ်ခေတ်တစ်ခါက ရန်သူတွေဖိန့်ဖိန့်တုန် အောင်ကြောက်ရတဲ့ တိုက်တန်းနယ် စစ်သူကြီး စစ်ဘုရင်စောယာ သူကဘာလို့အဲ့မျက်နှာဖုံးကြီး၀တ်ထားရတာလဲကြောက်စရာကောင်းတယ် စောယာကသူ စစ်တိုက...