(ဂတိစကား)

732 37 2
                                    

.......................အပိုင်း(၂၅).......................
Zawgyi....
ကဲရှေ့ပိုင်းမှာအချိုကျွေးပြီးပြီဆိုတော့ဆေးခါးကြီး
တိုက်ဖို့အချိန်ရောက်ပြီပေါ့....

အလွန်လှပသောကြာကန်နံဘေးကလသာဆောင်
လေးတွင်အားစစ်တစ်ယောက်ထဲပန်းချီဆွဲနေခိုက်

နောက်ကနေအသာလေးရောက်လာတဲ့စောယာ
ရဲ့လက်ချောင်းသွယ်သွယ်လေးတွေကအားစစ်ရဲ့
မျက်လုံးကိုဖုံးအုပ်လိုက်ရင်း...

"ဟိ....ဘယ်သူလဲမှန်အောင်ပြော"

"မနောက်နဲ့"

"ရား..အာစစ်မင်းဟာလေနဲနဲလေးမှစလို့မကောင်းဘူး
တော်ပြီမစတော့ဘူး"

နှုတ်ခမ်းထော်ကာတဖက်လှည့်သွားသောစောယာရဲ့
လက်ကောက်ဝတ်ကနေဆွဲလှည့်ခြင်းခံလိုက်ရတာမို့
အားစစ်ပေါင်ပေါ်သို့ထိုင်လျက်ကျသွားသည်

"ဟာ...ဘာလုပ်တာလဲ..အားစစ်"

ရုတ်တရက်ပါးပြင်ပေါ်ကျရောက်လာတဲ့နှုတ်ခမ်း
နွေးနွေးလေးကြောင့်...

အားစစ်-"အပြစ်ပေးတာ"

စောယာ-"ငါဘာအပြစ်လုပ်မိလို့လဲ"

အားစစ်-"ခင်ဗျားကျွန်တော်ကိုရင်ခုန်အောင်လုပ်လို့"

စောယာ-"မင်းဘာပုံတွေဆွဲနေတာလဲ...ဒါယုန်လေး
တွေမလား....ဘာလို့ယုန်ပုံဆွဲတာလဲ"

အားစစ်-"သေချာကြည့်လေ...တစ်ယောက်
ယောက်နဲ့တူမနေဘူးလား"

စောယာ-"ဘယ်သူနဲ့လဲ.....အားစစ်မင်းဘာလို့ငါကို
ကြည့်ပြီးပြုံးနေတာလဲ...မင်း...လက်စသတ်တော့
ငါ့ကိုပြောနေတာကိုး...."

အားစစ်-"တခြားဘယ်သူရှိသေးလို့လဲ"

စောယာ-"ငါနဲ့ဘယ်နားတူလို့လဲနဲနဲလေးမှမတူဘူး
ဟွန့်..."

စောယာအားစစ်ပေါင်ပေါ်ကနေထကာ
လသာဆောင်ကျောက်လက်ရန်းပေါ်ဘေးတစောင်း
ထိုင်လိုက်ရင်းကြာကန်ဘက်ကိုငေးနေလိုက်တယ်

အားစစ်-"ကျွန်တော်တို့တပ်ကထွက်လာတာလဲ
ကြာပြီးဘယ်တော့ပြန်သွားရမှာလဲ...."

စောယာ-"မင်းကပြန်ချင်နေပြီလား....ငါကတော့ဒီ
အိမ်တော်ကြီးမှာမင်းနဲ့အတူရှိနေရတာကိုနှစ်သက်
တယ်....ငါတို့နှစ်ယောက်မပြန်ဘဲနဲ့အတူထွက်ပြေး
ကျရင်ရော"

(မျက်နှာဖုံးရှင်စောယာ) (မျက်နှာဖုံးရှင်စောယာ)Where stories live. Discover now