(ကျွန်တော်ခင်ဗျားကိုလိုချင်တယ်🚨) ( ကြၽန္ေတာ္ခင္ဗ်ားကိုလိုခ်င္တယ္🚨)

1.2K 54 0
                                    

..........................အပိုင်း(၂၄)....................
Unicode....
ကျွန်တော်နေကောင်းကာစမို့အပြင်သို့လေကောင်း
လေသန့်ရှုရန်ထွက်လာခဲ့ပြီနောက်...စိတ်အနဲငယ်
လန်းဆန်းသွားသယောင်ရှိတာမို့ပြုံးလိုက်ရင်းကြာကန်
ဘက်ရှိရာလျှောက်လာလိုက်တယ်.....

ဘေးကဖြတ်သွားတဲ့အစေခံမလေးတွေက
ကျွန်တော်ကိုကွက်ကြည့်ကာတီးတိုးပြောသွားကြသည်

"ဟဲ့အဲ့ဒါသူမလား...သခင်လေးစောယာနဲ့.."

"ရှူးတိုးတိုးပြောကြားသွားအုန်းမယ်"

"အိုကြားကြား...ဂရုမစိုက်ပါဘူး.."

အားစစ်သူတို့ကိုတချက်လှည့်ကြည့်တော့

"လာ..လာသွားမယ်...ဟိုမှာကြည့်နေပြီ"

အားစစ်သူတို့ကိုဂရုမစိုက်တော့...ဆက်၍လမ်း
လျှောက်လာခဲ့ရာ....ကြာကန်လေးနားတောင်ရောက်
လုပြီ...အားစစ်ဒီမှာနေတာကြာလာတာနဲ့အမျှဒီက
လမ်းတွေကိုကျွမ်းကျင်လာသည်......

သူစောယာပေးတဲ့အဆောင်လေးမှာနေတာတစ်လ
လောက်ရှိပြီ....ညီအားမင်ကတော့စားဖိုဆောင်က
အဒေါ်ကြီးတွေနဲ့သွားနေလေရဲ့...ကျွန်တော် နဲ့အတူ
နေပါပြောရက်နဲ့ဒီကလေးစကားနားမထောင်ဘူး

ကြာကန်နားရောက်တော့ကျောက်ခုံတန်းလေးတွင်
ထိုင်လိုက်ပြီ...ခဏနားနေတုန်း...မြင်လိုက်ရတာက
မလှမ်းမကန်းကအဆောင်ထဲမှာထွက်လာတဲ့စောယာ
လှမ်းခေါ်မယ်ကြံလိုက်ပေမဲ့...သူနောက်ကနေပါလာ
တဲ့ဂုဏ်သရေရှိသမျိုးသမီးတစ်ယောက်...ပြုံးလိုက်ရင်
ပါးချိုင့်လေးကထင်းကနဲ....အသားရည်ကဝင်းလို့...
သူမကဘယ်သူလဲ?ဘာလို့စောယာနဲ့အတူရှိနေတာလဲ?သူတို့နှစ်ယောက်ကဘယ်လိုပတ်သက်တာလဲ?
စစ်သူကြီးမှာညီမရှိတယ်လို့မကြားဖူးပါဘူး....

အတွေးတွေနဲ့ရောက်ယက်ခက်နေတုန်းရုတ်တရက်
ကျွန်တော်ရှိရာသို့လှမ်းကြည့်လာတဲ့စောယာနဲ့အကြည့်
ချင်းစုံသွားတာမို့ဒုန်းကနဲဆောင့်တတ်လာတဲ့နှလုံးခုန်
သံနဲ့အတူသွေးတွေပြောင်းပြန်စီးသွားတယ်လိုခံစား
လိုက်ရတာမို့....အကြည့်ကိုလွှဲလိုက်သည်
သူငါကြည့်နေတာမြင်သွားတာလား?

(မျက်နှာဖုံးရှင်စောယာ) (မျက်နှာဖုံးရှင်စောယာ)Where stories live. Discover now