.......................(အပိုင်း၂၆)........................
(Unicode)
"မှောင်မိုက်သောအကျဉ်းထောင်ခန်းအတွင်းသို့
အလင်းရောင်ပြပြလေးကထိုးဖောက်ဝင်ရောက်
လာချိန်တွင်အရိပ်တစ်ခုကကျရောက်လာသည်ရောင်ကိုင်းပြီးဖွင့်မရတဲ့မျက်လုံးအစုံကိုအားယူပြီး
ကြည့်လိုက်ချိန်...ရင်းနှီးတဲ့မျက်ဝန်းအစုံကိုတွေ့
လိုက်ရသည်..."စစ်သူကြီး"
"အားစစ်တောင်းပန်ပါတယ်ငါလာတာနောက်ကျသွား
တယ်.....မင်းကိုသူတို့နှိပ်စက်သေးလား"အမှောင်ထဲကျုံ့ ကျုံ့လေးထိုင်နေတဲ့
အားစစ်က"ကျွန်တော်အဆင်ပြေပါတယ်"
"ခဏပဲစောင့်ငါမင်းကိုဒီကလွတ်အောင်လုပ်ပေးမယ်"
"ကျွန်တော်အဆင်ပြေတယ်စစ်သူကြီးပြန်ပါ..."
"အားစစ်ငါမင်းမပါဘဲဒီနေရာကတစ်ဖဝါးမှမခွာဘူး"
ရုတ်တရက်ရန်သူတပ်သားသုံးယောက်ရောက်လာပြီး
"အချိန်ပြည့်ပြီခေါင်းဆောင်ကခေါ်ခိုင်းလိုက်တယ်"
စောယာဒူးထောက်ထိုင်နေရာမှထလိုက်ပြီးဖုန်အနည်းငယ်ခါလိုက်ကာအားစစ်ဘက်ကိုတစ်ချက်လှည့်ကြည့်ပြီး....
"ငါမင်းကိုကျိန်းသေပြန်လာခေါ်မယ်အားစစ်...."
******************************
မုဆိုးဝတ်စုံများဖြစ်သည့်ကျားသရေဝက်ဝံ
သရေများခြုံရုံဆင်မြန်းထားကြသောသူများ၏ရုပ်ရည်ကိုကြည့်လိုက်သည်နဲ့အမဲလိုက်ဝါသနာပါကြပြီး
သက်ဖြတ်နှိပ်စက်ချင်းကိုခုံမင်ကြသူများဖြစ်ကြောင်းစောယာရိပ်မိသည်....လက်နက်အဖြစ်ပုဆိန်၊တင်းပုတ်၊လှံသွားများကိုယ်နှင့်မကွာဆောင်ထားသူတို့၏
မျက်နှာထက်တွင်အမွေးအမျှင်များနဲ့ကြမ်းတမ်းသောရုပ်ရည်ကြောင့်မြင်ရသူ
အဖို့ကြက်သီးပင်ထလောက်စရာ....ကျွန်တော်ကိုခေါ်လာသောတပ်သားသုံးယောက်မှာလည်းထိုနည်းတူဝတ်ဆင်ထားပြီးအရပ်အမောင်းကောင်းလှသည်
ကျွန်တော်လက်မောင်းကိုချုပ်ကိုင်
ထားသည်မှာအားပါလှသည်
YOU ARE READING
أدب تاريخيUnicode...Zawgyi...ရပြီ ဖိုးဖိုး....ဒီပန်းချီကားထဲကဘယ်သူလဲ....! အင်း.....သူကတော့ တစ်ခေတ်တစ်ခါက ရန်သူတွေဖိန့်ဖိန့်တုန် အောင်ကြောက်ရတဲ့ တိုက်တန်းနယ် စစ်သူကြီး စစ်ဘုရင်စောယာ သူကဘာလို့အဲ့မျက်နှာဖုံးကြီး၀တ်ထားရတာလဲကြောက်စရာကောင်းတယ် စောယာကသူ စစ်တိုက...