Part 3
" ဝမ်လေး...အသေးလေးထတော့ "
Xiao Zhan မနက်၇နာရီထိုးထိ အိပ်ရာမနိုးလာသေးတဲ့ Yiboပါးကိုထိကာနှိုးလိုက်သည်။
" သခင်လေး! "
အိပ်ချင်မူးတူးနဲ့ ကျွန်တော့်ကို ကြည့်နေတော့
ဝမ်လေးက တကယ်ချစ်စရာကောင်းလှသည်။" ထတော့ ငါဗိုက်ဆာနေပြီ "
" ဟုတ်ကဲ့ "
ကုတင်ပေါ်ကဆင်းပြီး ရေချိုးခန်းထဲ
ပြေးဝင်သွားတော့ ဝမ်လေး တကယ့်
အူယားဖို့ကောင်းလှသည်။Xiao Zhanအောက်ထပ်က ဧည့်ခန်းမှာ စောင့်နေစဉ် Yibo အဝတ်အစားလဲပြီး ဆင်းလာသည်။
" ခဏလေးပဲ စောင့်ပါ သခင်လေး "
" မလိုတော့ဘူး ကုမ္ပဏီသွားမယ်
လမ်းမှာပဲ ဝယ်စားတော့မယ် "" ဟုတ်ကဲ့ "
ဒီနေ့တော့ ကျူလန်ကား စီးစရာမလိုတော့ဘူး သခင်လေး ကိုယ့်တိုင်မောင်းတဲ့ ကားကို စီးခွင့်ရလို့ ကြည့်နှူးရုံရှီသေး
" အားးး ...အမလေး "ကားမောင်းကြမ်းပြီ ကားမောင်းအရမ်းမြန်တဲ့သခင်လေးကြောင့် Yibo ကြောက်လန့်ပြီး လက်ကိုင်ကိုကိုင်ထားကာ မျက်စီကို မှိတ်ထားလိုက်သည်။
" ဝမ်လေး "
စားသောက်ဆိုင်ရောက်လို့ကားရပ်ပြီး
ဝမ်လေးကိုကြည့်လိုက်တော့ မျက်စိမှိတ်ထားပြီး
တုန့်လှုပ်ပြီး ကြောက်နေတာကို တွေ့ရသည်။ လက်ကိုင်ကို ဆုပ်ကိုင်ထားတာကြောင့် ဖြေးဖြေးလေးကိုင်ပြီး လွှတ်ခိုင်းလိုက်သည် ပြီးတော့
ဝမ်လေးကို ဖက်ထားလိုက်သည်။" Wang! ငါ့တောင်းပန်ပါတယ် "
ဝမ်လေးကားမစီးချင်ပေ ကားကိုအရမ်းကြောက်တာကျွန်တော်သိပေမဲ့ သူကြောက်ပြီး ကျွန်တော့်ကို ဖက်အောင် ကားကို တရကြမ်းမောင်းလိုက်တာ ဖြစ်သည်။
" မကြောက်နဲ့တော့နော် "
ကျွန်တော့်ဖက်ထားသည့်တိုင်အောင် တုန့်နေတာ
မပြေသေးတဲ့ ဝမ်လေးကြောင့် ကျွန်တော်အမှားကြီး မှားသွားမှန်းသိလိုက်သည်။ ငါးနှစ်တာ ကင်းကွာတဲ့ ဆက်ဆံရေးကို ပြန်အဆင်ပြေစေချင်ပေမဲ့အခု
ကျွန်တော့် ဘာလုပ်လိုက်တာလဲ" အိမ်ပြန်ရအောင် ဝမ်လေး "
" ဟင့်အင်း "
Wang Yibo ကြောက်အားကြီးပြီး
သခင်လေးရင်ခွင်ထဲကနေ ရုန်းပြီး ကားပေါ်က ဆင်းလိုက်သည် ဆင်ဆင်းခြင်းခွေကျပြီး လဲသွားသည်။" ဝမ်လေး! "
Xiao Zhan ပြာသွားပြီး ဝမ်လေးကို
သွားထူလိုက်သည်။"ကားမစီးဘူး..သခင်လေးမောင်းတဲ့ကားကို..မစီးဘူး "
" ဖြေးဖြေးပဲမောင်းမှာပါ "
Yibo ခေါင်းရမ်းလိုက်သည်
" အသေးလေးကားပေါ်ပြန်တက်ဆို ပြန်တက် "
" ဗိုက်ဆာတယ် "
အသေးလေးဆီက ဗိုက်ဆာတယ်ပြောမှ Xiao Zhan ပြုံးလိုက်သည်။
" စားသောက်ဆိုင်ရှေ့ရောက်နေတာလေ
ဝင်ရအောင် "ဝင်ပြီး မနက်စာကို ကော်ဖီနဲ့ ခေါက်ဆွဲပြုတ် ဝင်စားလိုက်သည်။ အစားအစာရှေ့ရောက်နေပေမဲ့ မထိတထိတို့ရုံမှသာ စားနေတဲ့ ဝမ်လေး
" ကြက်သားခေါက်ဆွဲပြုတ် မကြိုက်ဘူးလား "
" ကြိုက်ပါတယ် သခင်လေး"
" ဗိုက်ဆာတယ်ဆို..တကယ်ဗိုက်ဆာတာ မဟုတ်ဘူး မဟုတ်လား ဝမ်လေး "
" ကားမစီးချင်လို့ "
" ဖြေးဖြေးမောင်းပါမယ်ဆို "
" ဟုတ်ကဲ့ "
" မြန်မြန်စား ပြီးရင်အိမ်ပြန်ပြီးနားဖို့ လိုက်ပို့မယ် "
" ကုမ္ပဏီပဲသွားပါမယ်..ကုမ္ပဏီကအခုမှစဖွင့်တာ အလုပ်ပျက်လို့ မဖြစ်ဘူး "
" ဘာပဲဖြစ်ဖြစ် နာမည်ရနေတဲ ကုမ္ပဏီရဲ့လက်ခွဲပဲ ကိစ္စမရှီပါဘူး "
" သခင်လေး! "
" သိပြီ..သိပြီ..မြန်မြန်စားပြီးကုမ္ပဏီသွားမယ် "
" ဟုတ်ကဲ့ "
ဒီလောက်တုန့်လှုပ်ပြီး မျက်နှာဖြူဖတ်ဖြူလျှော် ဖြစ်နေတာတောင်မှ အလုပ်သရဲဖြစ်နေတဲ့ Wangလေးကို Xiao Zhan အရှုံးပေးလိုက်ရသည်။
💕💕💕💕💕