Part 23

9.3K 780 36
                                    

Part 23

" ဘာဖြစ်လို့လဲ "

" ပန်းနဲ့ဓာတ်မတည့်လို့ပါ..
အထဲမှာဝင်ထိုင်ကျပါ "

ဝမ်ချင်မောင်လေးဖြစ်သူကိုတွဲပြီး ပြောလိုက်သည်

" အစ်ကိုဆေးသောက်လိုက် "

ကျင်းရီဆေးယူလာကာ ရှင်းဝမ်ကိုတိုက်လိုက်သည် ဆေးသောက်ပြီးတော့ ရှင်းဝမ်ဆိုဖာပေါ် ခဏလှဲလိုက်သည်

" အားနာ‌ပေမဲ့ အဲ့လိုဖြစ်ရင် ‌
မောင်လေးက ခဏ‌မှေး‌နေမှသက်သာလို့ပါ  "

ဝမ်‌ချင်အားနာစွာ ဆိုလိုက်သည်

" ရပါတယ် ဘာမှမဖြစ်ပါဘူး
ကျွန်တော်ကသာ တောင်းပန်ရမှာပါ "

ရှင်းဝမ်က ဝမ်မဟုတ်ဘူးလား
သူတို့ကလုံးဝမတူဘူး

  ၅မိနစ်လောက်နားပြီးတော့ ရှင်းဝမ်လှဲနေရာကနေ
ထလိုက်သည်။

"သခင်လေးတွေအတွက် ခြံထဲမှာပြင်ဆင်ထားပါတယ်  "

" ကျွန်မနောက်လိုက်ခဲ့ပါ "

ဝမ်ချင်နောက်လိုက်တော့ ခြံထဲမှာ လှပစွာပြင်ဆင်ထားတာကို တွေ့ရသည် အံသြစရာကောင်းတာက ခြံထဲမှာ ပုခတ်ဒန်းအကြီးကြီး ဆင်ထားခြင်းဖြစ်သည် ကျွန်တော့်တို့ နေရာမှဝင်ထိုင်လိုက်တော့

" အာကျူရှီး "

   ထယ်ယွန်းက ပုခတ်ထဲကနေလှမ်းခေါ်လို့
ကျွန်တော့်သွားပွေ့လိုက်သည်။

" အများကြီးပဲ "

ရှင်းဝမ်တို့ညီအစ်ကိုတွေ ဟင်းပွဲတွေယူလာပြီး
စားပွဲပေါ်မှာ ချလိုက်သည်။

" သခင်လေး လာသုံးဆောင်ပါ "

ဝမ်ပြောပြီး သခင်လေးလက်ထဲက
သားကိုပွေ့လိုက်တော့

" အာကျူရှီး!! "

" သား ဦးဦးနားမကပ်နဲ့ "

ရှင်းဝမ်စကားကြောင့် ကျွန်တော့်အပါအဝင်အားလုံးက ရှင်းဝမ်ကို ကြည့်မိသည်။

" သခင်လေးထိုင်ပါ "

ဝမ်သားကို ပုခတ်ထဲပြန်ထည့်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ "

ဟင်းတွေကိုစားကြည့်တော့ ကျွန်တော့်စားဖူးတဲ့ Wangလေးလက်ရာနဲ့ တူသလိုလိုဖြစ်ပေမဲ့လည်း သေချာစားကြည့်တော့လည်း မတူဘူးဖြစ်နေသည်

You've reached the end of published parts.

⏰ Last updated: Sep 13, 2023 ⏰

Add this story to your Library to get notified about new parts!

သခင်လေးရဲ့ပဲ့ကိုင်ရှင်Where stories live. Discover now