Part 11

11.1K 865 66
                                    


Part 11

    Wang Yibo ထမင်းစားခန်းထဲလာတော့ စားပွဲပေါ်မှာ အပြည့်စီစဉ်ထားတဲ့ မနက်စာကိုတွေ့ရသည်။

" ဒါတွေက "

  " ကိုယ့်ချက်ထားတာ
မနက်စာကောင်းကောင်းလေး စားရအောင်လို့"

   သခင်လေး ထမင်းစားခန်းထဲ ဝင်လာပြီးပြောသည် သခင်လေးပုံစံက သပ်သပ်ရပ်ရပ်နဲ့ မီးဖိုချောင်ကလည်း ရှင်းနေတာပဲ ချက်ထားတာရော ဟုတ်ရဲ့လား

" ထိုင်လေ စားရအောင် "

" ဟုတ်ကဲ့ "

Wang Yibo ကြက်ကြော်ကို စားကြည့်တော့ နာမည်ကြီး ကြက်ကြော်ဆိုင်က ဝယ်ထားမှန်း သိလိုက်သည်  ပြီးတော့ ကော်ဖီကို သောက်ကြည့်ရင်း ကော်ဖီခွက်ကို ကြည့်လိုက်တော့ ဟိုတယ်တံဆိပ်နဲ့

" စားကောင်းလားဝမ်လေး "

" ဟုတ်ကဲ့ "

"မနေ့ညကကိုယ့်မှားသွားပါတယ် Yu Lingနဲ့ အသေးလေးက ဘယ်လိုသိပြီး အရမ်းခင်သွားတာပဲ"

" ဘားမှာတွေ့တာပါ  "

" ဘားမှာ ဟုတ်လား
ဝမ်လေးက ဘားမှာဘာလုပ်တာလဲ "

" စားပွဲထိုးပါ "

" ဘာ? "

" သခင်ကြီးကို သွားအပြစ်မတင်ပါနဲ့ ကျွန်တော့်ကိုယ်တိုင် စံအိမ်ကထွက်ပြီး ကိုယ့်ဘဝကိုယ် ရပ်တည်ကြည့်တာပါ အခုသခင်လေးပြန်ခေါ်တော့လည်း ကျွန်တော့်ပြန်လာတာပဲ မဟုတ်လား
ကျွန်တော့်ပြောတာ သခင်လေးယုံချင်မှယုံမယ် အစ်ကို Yu Lingကို တော်ဝင် လုပ်ငန်းစုရဲ့သူဌေးသားမှန်း ကျွန်တော့်တကယ်မသိခဲ့ပါဘူး "

" ကိုယ်ယုံပါတယ် "

" စားလို့ဝပြီ ကျူလန်းရောက်လာတော့မယ် ကျွန်တော့်သွားတော့မယ် ပန်းကန်တွေတော့ ကျွန်တော့်ရှင်းစရာမလို့ပဲ ဟိုတယ်ကပဲလာသိမ်းပါလိမ့်မယ်"

  ဝမ်လေးကတော်တော် တော်တာပဲ
ကျွန်တော်လှည့်စားလို့မရဘူး။

" ဝမ်လေး တကယ်တော့.."

" အဲ့လိုလုပ်ပေးစရာမလိုပါ့ဘူး ကျွန်တော့်အဆင့်အတန်း ကျွန်တော့်သိပါတယ် ကျွန်တော့်က သခင်လေးလက်နဲ့ ချက်ပေးရအောင် မထိုက်တန်လို့ ဒီလိုလုပ်တာ မဟုတ်လား "

" မဟုတ်ဘူး ဝမ်လေး "

" သခင်လေး ဒီလိုမတောင်းပန်လည်း ကျွန်တော့်ခွင့်လွှတ်ပေးပြီးသားပါ "

ဝမ်လေးလက်ကို လှမ်းဆွဲလိုက်ပြီး

" ဘာလိုကိုယ်ထင်ရာပဲ ပြောနေတာလဲ
ကိုယ်စကားကို နားထောင်ပါအုန်းလား "

Wang Yibo သခင်လေးကို ကြည့်ရင်း ပြောမဲ့စကားကို နားစွင့်နေစဉ်

" ကိုကို ဘာဖြစ်နေတာလဲ "

ကျန်းကျူးဝင်လာတာကြောင့်

" ကျွန်တော့် ကျူးလန်နဲ့ ကုမ္ပဏီသွားနှင့်လိုက်ပါမယ်
"

" Wangလေး...Wangလေး!! "

ထွက်သွားတဲ့အစေခံကို အသည်းအသန်လိုက်ခေါ်တဲ့ ကိုကို ကြောင့် ကျန်းကျူး ကိုကိုလက်ကိုဆွဲကာ

" ဘာဖြစ်တာလဲ "

" မနက်အစောကြီး ဘာလာလုပ်တာလဲ ကျန်းကျူ "

" ကျွန်မတို့စေ့စပ်ထားရအောင် "

  " ဘာ? "

" ဘာဟုတ်လားကိုကို ကျွန်မမိဘတွေရော ကိုကိုမိဘတွေရော လက်ထပ်ဖို့ထိတောင် တိုက်တွန်းနေတာ အခုစေ့စပ်ဖို့ကို ဘာကြောင်နေတာလဲ "

"ကိုယ်မှားသွားတယ် "

" ဘာမှားတာလဲ "

" တောင်းပန်ပါတယ် ကိုယ်မင်းနဲ့ မစေ့စပ်နိုင်ဘူး တောင်းပန်ပါတယ် ကျန်းကျူး "

" ဟိုကောင်လေးကြောင့်လား "

Xiao Zhan ဘာမှပြန်မပြောပဲ ကားပေါ်တက်ကာ ကုမ္ပဏီကို မြန်မြန်မောင်းလာလိုက်သည်။

" ကိုကို..ကိုကို!! "

အစေခံကောင်လေးနောက်ကို အသည်းအသန်လိုက်တဲ့ ကိုကိုကြောင့် ကျန်းကျုးရင်ထဲမှာ နာကျင်မိသည်။
ဒေါသလည်းအရမ်းထွက်သည်။ ထို့ကြောင့် အပျော်ကြေးစားတစ်ယောက်ကို ဖုန်းခေါ်လိုက်သည်။

  " ဟဲလို "

" မင်းတို့တွေကောင်လေးတစ်ယောက်နဲ့
ပျော်ပါးရမယ် ပိုက်ဆံလည်းရမယ် "

" ဘယ်လိုလဲ  "

" ကြိုက်တာပေါ့ "

" တိုက်ခန်းလိပ်စာပို့လိုက်မယ် အဲ့မှာကြိုစောင့်နေ ကောင်လေးလာရင်သာ ကြိုက်သလောက်ပျော်ပါးတော့ ကြိုးနဲ့တော့ တုပ်ရမယ်ထင်တယ် "

" မလွယ်ကူဘူးပေါ့..မလွယ်ကူတာကိုး ပိုကြိုက်တာ ဟားဟား "

တစ်ဖတ်လူရယ်သံကြောင့် ကျန်းကျူးလည်း ပြုံးပြီး ဖုန်းချလိုက်သည်။

❤️❤️❤️❤️❤️❤️

သခင်လေးရဲ့ပဲ့ကိုင်ရှင်Where stories live. Discover now