Part 9ခွမ်း!
Yibo အောက်ထပ်က အသံကြားတာကြောင့် မြန်မြန်ဆင်းလာလိုက်သည် အသံက ထမင်းစားခန်းထဲကဖြစ်လို့အမြန်ဝင်လိုက်တော့ မီးဖိုချောင်တစ်ခုလုံး ရှုပ်ပွနေသည်။
" သခင်လေး ဘာလုပ်နေတာလဲ "
" ဝမ်လေးနိုးလာပြီလား ကိုယ့်မနက်စာလုပ်နေတာ "
"ဟမ်!..ဘာလုပ်နေတာ... "
" ကြက်ဥချောင်းကြော်၊ ကြက်ဥကြော်၊
ပြီးတော့ ကော်ဖီဖျော်ထားတယ်"" ဒါလေးလုပ်တာကို ရှုပ်ပွနေတာပဲ "
" ဘာပြောလိုက်တာ ဝမ်လေး "
" ဘာမှမပြောဘူး
Wang Yibo ရှုပ်ပွတာတွေကို ရှင်းလိုက်သည်။
ပြီးတော့ သခင်လေးနဲ့ အတူတူ မနက်စာစားတော့" ငန်လိုက်တာ "
Yiboငံတယ်ပြောတော့သခင်လေးကစားကြည့်ပြီး
" မငန်ပါဘူး ကောင်းပါတယ် "
" သခင်လေးဘာလို့ဒီဟာတွေလုပ်နေရတာလဲ "
Xiao Zhan ဘာမှမပြောပဲ ဆက်စားနေသည်။
" သခင်မလေးအတွက် ချက်ကျွေးချင်လို့လား "
တုံးလိုက်တာ အခုဘယ်သူက စားနေရတာလဲ...
Xiao Zhan စိတ်ထဲကနေ ပြောနေမိသည်
ဒီငတုံးနဲ့တော့" သခင်မလေးအတွက်ဆို သခင်လေး ပင်ပန်းမခံပါနဲ့ အချိန်မရွေးခေါ်လာပါ ကျွန်တော့်ချက်ကျွေးပါမယ် "
" ဘာ??...ငါ့ချစ်သူကို ငါ့ဘာသာ ချက်ကျွေးချင်လို့ပေါ့ "
Xiao Zhan စိတ်ခုကာ ရွဲ့ပြောမိ၏။
" ဟုတ်ကဲ့ "
Yibo စားပြီးတာနဲ့ ပန်းကန်တွေဆေးကာ
ကားပေါ်တက်ထိုင်နေလိုက်သည်။" ဒီနေ့ ကျူလန်နေမကောင်းတော့
ကိုယ့်ကားနဲ့လိုက်မယ်ပေါ့ ဟုတ်လား "" ဟုတ်ကဲ့ "
Yibo ဘာစကားမှမပြောတော့ပဲ ငြိမ်နေလိုက်သည်။ ကုမ္ပဏီရောက်တာနဲ့ အလုပ်တွေလုပ်နေရင်း
မြည်လာတဲ့ဖုန်းကြောင့် ကိုင်လိုက်သည်။