Part 15

12.2K 826 31
                                    

Part 15

   သခင်လေးနဲ့ ကျွန်တော့် ချစ်သူဖြစ်ခဲ့ကျပြီး
သွားအတူစားအတူ..အိပ်အတူနဲ့
အရမ်းပျော်ရွှင်ခဲ့ကြသည်။

" ဝမ်လေး ကိုကိုမုန့်လာဥလှီးတာ
အနေတော်ဖြစ်လား "

" ဟုတ်ကဲ့ သခင်လေး "

" ကိုကိုလို့ခေါ်ပါဆို သခင်လေးလို့ပဲခေါ်နေတာ "

" ဗြုန်းစားကြီး မခေါ်တက်ဘူး နောက်မှခေါ်မယ် "

" ဝမ်လေးဆီက ကိုကိုဆိုတဲ့ခေါ်သံ
ဘယ်တော့လောက်မှ ကြားရမှာပါလိမ့် "

    သခင်လေးနဲ့ကျွန်တော့်ဟင်းအတူတူချက်ပြီး ထမင်းစားနေစဉ်

" ထမင်းစားနေကျတာပဲ "

" ပါပါး ခြံတံခါးပိတ်ထားတာပါ "

" ငါ့ဆီမှာ သော့အပိုရှီတယ်  "

" သခင်ကြီး စားပြီးပြီလား "

" စားပြီးပြီဘဝမ်လေးအပေါ်ထပ်ဝရန်တာကို
တက်လာခဲ့ စကားပြောစရာရှိတယ် "

" ဟုတ်ကဲ့ "

" ပါးပါးဘာပြောမလို့လဲ "

Xiao Zhan စိတ်ပူပြီး မေးလိုက်သည်

" မင်း လိုက်မလာနဲ့ "

Yibo ကော်ဖီဖျော်ပြီး အပေါ်ထပ်ကို တက်သွားလိုက်သည်

" ထိုင်ပါ "

သခင်ကြီးရှေ့ကော်ဖီချပေးလိုက်ပြီး ထိုင်လိုက်သည်

" XiaoZhanနဲ့ ညီအစ်ကိုထက်ပိုတဲ့
သံယောဇဉ်တွေ ရှီနေကျပြီ မဟုတ်လား "

" သခင်ကြီး! "

Yibo အပြစ်ရှီစွာ ခေါင်းငုပ်ထားလိုက်သည်

" Yibo မင်းကိုအစေခံလိုမျိုး ငါမဆက်ဆံခဲ့ပါဘူး မင်းနဲ့ သားလေးက ငယ်ငယ်ကတည်းက တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကျတယ် အဲ့ဒါကြောင့် XiaoZhan အရွယ်ရောက်လာတော့ နိုင်ငံခြားကို ပညာသင်လွှတ်လိုက်တယ် Xiao Zhan ကမင်းကလွှဲပြီး တခြားသူကို စိတ်ဝင်စားစေချင်တယ် တော်ဝင်ကုမ္ပဏီရဲ့ တစ်ဦးတည်းသောမျိုးစက်ကို  အရှက်မဲ့တဲ့ အဖြစ်မျိူး ငါ့မဖြစ်စေချင်ဘူး အဲ့ဒါကြောင့် Xiao Zhan ထွက်သွားသွားချင်း မင်းကို နှင်ထုပ်ခဲ့တယ် "

သခင်လေးရဲ့ပဲ့ကိုင်ရှင်Where stories live. Discover now