Part 20အိမ်လိပ်စာအတိုင်း ရောက်လာတော့ ကြီးမားကျယ်ပြန့်သော ခြံနဲ့အိမ်ကို တွေ့ရသည်။
" တော်တော်ချမ်းသာတာပဲ အိမ်ကတော်တော်ကြီးတာပဲ သုံးထပ်တိုက်ပုံစံမျိုးပဲ"
Yu Binက ဆိုလိုက်သည် အိမ်အောက်ထပ်ရောက်တော့ အားယွမ့်က
" ဘယ်သူလဲ ဘာကိစ္စလဲ "
ချစ်စရာကောင်းတဲ့ကောင်လေးကို Yu Bin ကြည့်လိုက်ပြီး
" မင်းက ဘယ်သူလဲ "
" ဘယ်နှယ့်ကျွန်တော့်ကို ပြန်မေးနေရတာလဲ
ဘယ်သူလဲလို့မေးနေတယ်လေ "" ဘာတွေဖြစ်နေတာလဲ "
ဝမ်ချင်အပေါ်ထပ်ကနေ ဆင်းလာပြီး
မေးလိုက်ခြင်းဖြစ်သည်။" ဒီမှာ ဘယ်သူလဲမေးတာမဖြေဘူး "
ဝမ်ချင်ထိုလူတွေကို သေချာကြည့်လိုက်ပြီး
" မနေ့ကလူ "
" မင်္ဂလာပါ ကျွန်တော့်က တော်ဝင်ရတနာ ကုမ္ပဏီက Mr Xiao Zhan ပါ ဥက္ကဌနဲ့တွေ့ပြီး မနေ့က အဖြစ်အပျက်ကို တောင်းပန်ပြီး အလုပ်အကြောင်း ဆွေးနွေးချင်လို့ပါ "
" အလုပ်အကြောင်းပြောဖို့တော့ အဆင်မပြေဘူး "
" ကျွန်တော့်တွေ့ပြီး တောင်းပန်ချင်လို့ပါ
ကူညီပါဦး "Xiao Zhan တောင်းဆိုမှူကြောင့် ဝမ်ချင်က
" အပေါ်ထပ်ကို တက်သွားပါ ဒုတိယအထပ်
ဧည့်ခန်းမှာ ရှင်းလေးအခန်းရှိပါတယ် "" ဟုတ်ကဲ့ "
Yu Binနဲ့ Xiao Zhan အပေါ်ထပ်ကိုတက်လာတော့ ဒုတိယအထပ်ရောက်တော့ ဝမ်က ကလေးတစ်ယောက်ကို ပွေ့ပြီး လမ်းလျှောက်သိပ်နေသည်။ ကျန်တဲ့ကလေးတစ်ယောက်က ဆိုဖာပေါ်မှာထိုင်ပြီး ကာတွန်းကားကြည့်နေသည်
" ခင်ဗျား??? "
ဝမ်ကကျွန်တော့်တို့ကို မြင်သွားသည် ကျွန်တော့်တို့လည်း သူနားရောက်လာပြီး
" မနေ့က ကျွန်တော့်အပြုအမှုအတွက်
တောင်းပန်ဖို့လာတာပါ "" ထိုင်ကျပါဦး "
ကျွန်တော့်တို့ထိုင်လိုက်တော့ TVကြည့်နေတဲ့ ကလေးက
" အာပါး "