❤️1❤️

17.1K 1.3K 115
                                    

[Zawgyi]

Xiao Zhan အသက် ၇ နှစ်......

လိမ္မာတဲ့ Xiao Zhan ပုစိလေးက မားမားရဲ့ ပန်းလေးတွေကို ရေကူလောင်းပေးနေတုန်း အိမ်ရှေ့အိမ်ကို ကားအကြီးကြီးရောက်လာပြီး ပစ္စည်းတွေလာချတယ်...

နောက်မှာ ကားမဲမဲ သေးသေးလေးပါ ပါလာတယ်...

အဲ့ကားလေးထဲက အမွေးဖွားဖွားနဲ့ အညိုရောင်ခွေးလေးတစ်ကောင် ခုန်ဆင်းလာတော့

Xiao Zhan လေးဟာ ရေပိုက်ပစ်ချပြီး တံခါးဝနားထိပြေးပြီး ခြံစည်းရိုးတံခါးလေး လှပ်ကာ ချောင်းကြည့်လိုက်တယ်...

အဲ့ခွေးလေးနောက်မှာ လုံးတုတ်ကစ်နေတဲ့ သတ္တဝါလေး တစ်ကောင်ပါတယ်...

အဲ့ ပေါက်စကွေးလုံးလုံးလေးက လမ်းမလျှောက်တတ် လျှောက်တတ် ဒရိန်းဒယိုင်နဲ့ ခွေးမြီးလိုက်ဆွဲနေတယ်..

အင်္ကျီဘောင်းဘီအဖြူပေါ်မှာ အမည်းစက်စက်လေးတွေနဲ့ ဘောလုံးကြီး လိမ့်နေသလိုဘဲ...

" Yi Bo ကိုချီထားဦး ချော်လဲဦးမယ်"

ထိုကလေးလေးကို အန်တီကြီးတစ်ယောက်က ကောက်ပွေ့လိုက်တော့ ဆွေ့ခနဲ တစ်တုံးတစ်ခဲကြီး ပါသွားတယ်...

အန်တီကြီးက Xiao Zhan ကို ကျောခိုင်းထားပေမယ့် အဲ့ဘောလုံးအင်္ကျီနဲ့ ဝက်တုတ်လေးက သူကိုကြည့်နေတယ်..

မျက်နှာကြီးက ရဲတွတ်ပြဲကွဲနေတာဘဲ

သူလည်းပြန်စိုက်ကြည့်ပေးလိုက်တယ်... ဘာဖြစ်လဲ... သူတောင် စိုက်ကြည့်နေတာဘဲ

ဘာဖြစ်ချငိလဲ ဝတုတ်ကောင်... 🤨🤨

အမယ်... ဝတုတ်ကောင်က ရှက်နေတာဗျ....

သူ့ကို ခိုးကြည့်လိုက် အန်တီကြီး ပခုံးမှာ သူ့မျက်နှာကို ဖွက်လိုက်နဲ့....

သူတို့ အိမ်ထဲ မဝင်မချင်း Xiao Zhan လည်း တံခါးဝက မခွာနိုင်ဘူး....

အန်တီကြီးရဲ့ အနောက်ဖက် အင်္ကျိကို ဆွဲဖြဲနေတဲ့ ဖက်တီးရဲ့ လက်တွေကို ကြည့်ပြီး တွေးနေတယ်...

အဲ့လက်တွေ အဲ့လောက်တင်းပြီး ဖောင်းကားတုတ်တိုနေတာ.. ဘာလို့ ပူဖောင်းလို့ ပေါက်မသွားပါလိမ့်? 🧐

My Lil Marshmallow Where stories live. Discover now