[Zaw Gyi]" သား ရည်းစားထားချင်တယ်...ရည်းစားထားချင်တယ်ဆို Ge Ge!!! "
ပန်းချီဆွဲနေတဲ့ Xiao Zhan ကို အနောက်ကနေ ကပ်စီးနည်းလို တွယ်ကပ် ကုပ်ဖက်ပြီး ဂျီတိုက်နေသော Wang Yi Bo...
"Wang Yi Bo!!!! စောင်စာကမရ...စောင်အသက်ကလက်တောက်လောက်နဲ့ ရူးရူးနှမ်းနှမ်းတွေ ပြောမနေနဲ့"
ပိတ်ဟောက်လိုက်တော့ တဗြဲဗြဲနဲ့ လုပ်ငိုကာ မရှိရှိတဲ့ နှာရည်တွေကို မရရအောင်ညှစ်ပြီး Xiao Zhan ကျောကုန်းကို သုတ်လို့နေတယ်..
အဲဒီ့ ရည်းစားလိုချင်တဲ့ ပြဿနာက ဘယ်က စလို့စမှန်းမသိ စလာရော...
သူရုတ်တရက်ကြီး Wang Yi Bo ဆီကနေ ချစ်ခွင့်ပန်လိုက်ရတယ်..အဲ့ဒါကလည်း ပေါတောတောနဲ့.
အဲဒီနေ့ကနေစပြီး ရည်းစားလိုချင်တယ် သူ့ရည်းစားလုပ်ဆိုတဲ့ ပြဿနာက စတာဘဲ...
အဲ့မျောက်တစ်ကောင်နဲ့ ရိုးကိုမရိုးရဘူး..
ဘာတဲ့ သူပြောတာက...
" ""Ge Ge စဉ်းစားကြည့်ဗျာ သားသူငယ်ချင်းတွေအကုန် ရည်းစားနဲ့ သားဘဲ မရှိတာ..ပြီးတော့ သားက Ge Ge တစ်ယောက်ထဲကိုဘဲ ချစ်တာလေ.. GeGe ကိုချစ်တာသူများကို ခွဲမပေးနိုင်ဘူး သားအခု ရည်းစားလိုချင်တယ် သားရည်းစားလုပ်ပေး""" ဆိုဘဲ ဆင်ခြင်က...
" Ge Ge ဟင့်.. ရွှတ်..ဘာစားစရာရှိလဲ?"
ဂျစ်တိုက်ပြီး ဗိုက်ကဆာပြီ...
" နှပ်ချေးစားလေ... ငါ့အင်္ကျိကို သုတ်ထားတဲ့ မင်းနှပ်ချေးတွေ .. Wang Yi Bo.. Wang Yi Bo ရုပ်ကလေးက သနားကမားနဲ့ ညစ်ပတ်စုတ်ပဲ့နေတာဘဲ "
သူပြောတော့ ကြမ်းပြင်မှာ ထိုင် ပြီးတော့ ထိုင်ခုံပေါ်ကသူ့ခါးကိုလှမ်းဖက်ပြီး ကျောမှာ မျက်နှာ အပ်ထားတဲ့ Yi Bo က...
" အင်းဟာ အင်းဟာ ထွီ ထွီ ထွီ "
" ဟာ!!!!! Wang Yi Bo!!!!! ဘာအကျင့်တွေ... ဟေ့ရောင် ပြန်လာခဲ့!!"
" မားရေ!!!!သားသား ဗိုက်ဗိုက် ဆာဆာ!!!"
ဘာလုပ်သွားတယ်မှတ်တုန်း!! Xiao Zhan အင်္ကျီကို လှန် ကျောကုန်းကို လျှာ အပြားလိုက်ကြီးနဲ့ လျက်ပြီး ထွက်ပြေးသွားတာ.. အဲ့ငပေါက..