[Zawgyi]
Xiao Zhan အိပ်မောကျနေခိုက် ခန္ဓာကိုယ်တစ်ခုလုံးအပေါ်ကို တစ်စုံတစ်ခုရဲ့ အိခနဲ တက်ဖိထားခြင်းခံရတယ်...
ဘီလူးစီးသည်အမှတ်နှင့် ပက်လက်အိပ်နေရာမှ စောင်းဟန်ပြင်တော့ သူ့လက်နှစ်ဖက်က မူ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရဆဲ...
နှာခေါင်းထဲ ဝင်လာတာက သစ်သီးအနံချိုချိုမွှေးမွှေးလေး..
ရင်ဘတ်ပေါ်က ထိုလေးလေးပင်ပင်အရာကြီးက ငြိမ်ငြိမ်မနေ.. လှုပ်စိလှုပ်စိ
" Ge Ge ရေ! ထတော့လေ.. သားနဲ့ အပြင်သွားပေးမယ်ဆို"
ခပ်ချွဲချွဲ အသံလေးက နားနားကပ်ပြီး ကြားလာတော့မှ Xiao Zhan မျက်စိတစ်ဖက်ကို ခပ်ကျဉ်းကျဉ်းလေး ဖွင့်ကြည့်တော
သူ့အပေါ်ကနေ အုပ်မိုးပြီး မျက်လုံးဝိုင်းဝိုင်းတောက်တောက်လေးတွေနဲ့ ကြည့်နေတဲ့ Yi Bo လေး...
ဦးထုတ်လေးနောက်ပြန်စောင်းထားပြီး ရှိုးစမိုးအပြည့်နဲ့... ဖွေးဥလုံးခဲနေတာဘဲ...
မနက်အိပ်ရာထတိုင်းသာ ဒီမြင်ကွင်းမျိုးဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ?
" အင်း.....Yi Bo လေး ဘယ်နှနာရီရှိပြီလဲ Ge Ge ကလေးလေးရဲ့"
" ၇ နာရီ... ထတော့ အပြင်သွားကြမယ်"
Xiao Zhan ခေါင်းခါကာ Yi Bo ရဲ့ ဦးထုပ်ကို ဆွဲချွတ်ပြီး ဆံပင် ခပ်အိအိလေးတွေကို ထိုးဖွလိုက်ကာ Yi Bo လေးခေါင်းကို သူ့ရင်ခွင်ထဲ ပြန်ဆွဲသွင်းရင်း ဖက်ထားလိုက်တယ်..
" အစောကြီးရှိသေးတယ်...၁၅ မိနစ်လောက် Ge Ge နဲ့ အတူတူ အိပ်ကြရအောင်"
" Ge Ge အိပ်ပုတ်! ၁၅ မိနစ်ဘဲနော်"
" အင်းပါ... "
တင်ပါးလေးကို တပုတ်ပုတ်နဲ့ Yi Bo လေးကိုပါ ချော့သိပ်နေမိတယ်..
Xiao Zhan ပြန်အိပ်မယ်လို့သာပြောပေမယ့် မျက်လုံးအနည်းငယ်ကျယ်သွားပြီ ဖြစ်တာကြောင့် ချက်ချင်း ပြန်အိပ်မပျော်နိုင်သေး..
Yi Bo ရဲ့ အသီးချိုချိုမွှေးမွှေးဆံပင်ကြားထဲကို နှာခေါင်းနှစ်ပြီး နမ်းရှိုက်နေမိတယ်..
ဒီကလေးကြီး တော်တော်လေးလာတာဘဲ...
အရပ်ကြီးရှည်လာပြီး... လုံးဝ လူပျိုပေါက်လေးဖြစ်နေပြီ..