❤️6❤️

6.1K 736 111
                                    

(zawgyi)

Xiao Zhan တစ်ယောက် ပြတင်းပေါက် လိုက်ကာ ကြားက မျက်နှာချင်းဆိုင်အိမ်ကို ချောင်းကြည့်ရတာအလုပ်တစ်လုပ်ဖြစ်လာတယ်...

၂ ရက်ရှိပြီ Yi Bo အိမ်ကို ရောက်မလာတာ...

Yi Bo ဆိုတာ သူ့ကိုယ်ပိုင်အိမ်ထက် Xiao Zhan အိမ်မှာ အနေများတဲ့ ကလေး...

Yi Bo ရဲ့ ပါပါးကတောင် Xiao Zhan ကို မနာလိုဖြစ်တဲ့ အထိ Yi Bo ဆိုတာ သူ့ Ge Ge မှ သူ့ Ge Ge..

လူပျိုဖြစ်ခါစ ၁၃ ၁၄ လောက်ရောက်ရင် ခွာသွားမယ် ထင်ထားခဲ့ပေမယ့် Yi Bo က လုံးဝ လူကြီး ဖြစ်မလာတဲ့အတိုင်း သူ့ကို ဖက်ဖက်နမ်းပြီး ချွဲကောင်းတုန်း...

အဲ့လို Yi Bo က သူ့အိမ်ရောက်မလာလို့ Xiao Zhan မာမားဆို Yi Bo  တို့အိမ် မနက်ကထဲက ရောက်သွားပြီ.. သူ့ကလေးတစ်ရက်ရောက်မလာတာ လွမ်းလို့တဲ့..

ခုနက ပြန်ရောက်တော့ " ခဏနေ Yi Bo စာလာလုပ်မယ်" ဆိုပြီး သူ့ဝမ်းမနာသားအတွက် အအေးသွားဝယ်ရှာတယ်..

အဲ့ဒီလို လူတိုင်းရဲ့ အူတုံအသည်းတုံလေး..

Yi Bo လာမယ်ဆိုတော့ သူလည်း ချောင်းရတာပေါ့.. ပေါက်တတ်ကရလုပ်ထားပြီး မျက်နှာချင်းမဆိုင်ရဲဘူးဘဲ ဆိုဆို လွမ်းတာက လွမ်းတာဘဲ..

ဒီနေ့ အရင်ဆက်ဆံရေးကို ပြန်ယူရမယ်..

သူနဲ့ Yi Bo က အရမ်းချစ်တဲ့ ညီအကို ၂ ယောက်.. သွေးသားမတော်လည်း ညီအကိုဘဲ..Yi Bo က သူ့ရဲ့ ညီပေါက်စ ကွေး အသဲကျော်လေး... ဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး...

ဘာမဟုတ်တဲ့ မှားပြီး နမ်းမိတာလေးနဲ့ သူတို့ ၂ ယောက်အကြားက သံယောဇဉ်ကို ဖြတ်လို့မရဘူးလို့ ယုံကြည်တယ်..

သူချောင်းကြည့်နေရင်း မကြာခင်မှာဘဲ Yi Bo ခြံထဲက ထွက်လာတာကို မြင်လိုက်ရတယ်...

ဒါပေမယ့် သူ့တို့ခြံထဲ ဝင်ခါနီးကို တွေဝေနေပုံရတယ်.. အဲ့ဒါကဘဲ Xiao Zhan ကို ဝမ်းနည်းစေတယ်.. သူ့အပြစ်..သူက အဲ့လိုနေရခက်အောင် လုပ်မိတာ.. တကယ်ဆို ကလေးက ငယ်သေးတော့ စမ်းချင်လို့ဟာကို သူက ထရူးပြီး အတည်ကြီး နမ်းချလိုက်တော့...

Yi Bo သူတို့ ခြံတံခါးကို ဖွင့်ချလိုက်တာ မြင်မှ Xiao Zhan တစ်ယောက် အောက်ထပ်ကို အလင်းအလျင်နဲ့ ပြေးဆင်းသွားတယ်..

My Lil Marshmallow Where stories live. Discover now