[ Zawgyi]
" Yi Bo မျက်နှာကြီး ဆူပုတ်မနေနဲ့လေ"
ဘေးခုံမှာပါလာတဲ့ မျက်မှောင်ကြီး ကျုပ် ဆူပုတ်ပုတ် လုပ်နေတဲ့ Yi Bo ကို Xiao Zhan ကားမောင်းနေရင်း လှမ်းချော့တော်မူတယ်..
" Yi Bo ရေ"
" သားစိတ်မကြည်တော့ဘူး သွားလည်းပျော်မှာမဟုတ်ဘူး အိမ်ဘဲပြန်တော့မယ်"
Yi Bo တို့ကောက်ရင် တစ်နေ့လုံးကြာတယ်.. တွေးတွေးပြီးတော့ကို ကောက်တာ... တကြိတ်ကြိတ်နဲ့
Xiao Zhan ဟင်း ခနဲ သက်ပြင်းချလိုက်မိတယ်..
သူလည်း ဘာလုပ်ပေးရမှန်းမသိဘူး ဒီထက်ပိုပြီး မချော့တတ်တော့ဘူး
" Game center သွားကြမလား ? ဟင်?"
" မသွားချင်ဘူး"
Yi Bo က ဂျစ်တစ်တစ်နဲ့ ပက်ခနဲ ငြင်းတယ်..
" အဲ့ဒါဆို ဖိနပ်သွားဝယ်မလား? ကလေးကိုယ်တိုင် အရောင်စပ်ပြီး ဒီဇိုင်းဆွဲလို့ရတဲ့ နေရာလေ.. "
" မသွားဘူး"
" ဒီလိုလုပ် Skate သွားစီးမလား?"
" မသွားဘူး"
" ဘာဖြစ်ချင်နေတာလဲ Yi Bo ရေ...Ge Ge စိတ်မရှည်တော့ဘူးနော်"
Xiao Zhan ကားမောင်းနေတာက ရပ်ကာ ကားကို လမ်းဘေးထိုးရပ်ချလိုက်တယ်..
Yi Bo ကတော့ သူ့ကို တစ်စက်မှ လှည့်မကြည့်.. ရှေ့တည့်တည့်ကြည့်ကာ တည်တင်းပြီး ပုတ်သိုးသိုးမျက်နှာထားနဲ့... လက်ကလည်း ပိုက်ထားသေးတယ်...
" အိမ်ကနေတော့ ကောင်းမိကောင်းရက်ထွက်လာပြီး... အခု အဲ့ဒါဘာဖြစ်နေတာလဲ?"
" မသိဘူး"
ရိုက်သတ်ပစ်ချင်စရာလေး...
Xiao Zhan ဒုတိယမိ သက်ပြင်းချလိုက်မိတယ်...ကယ်ကြပါ.... ငရစ်ကို ဘယ်လိုလုပ်ရင်ကောင်းမလဲ?
" လာ Ge Ge ဘက်လှည့်! ဘာလုပ်ချင်လဲပြော...ဘယ်သွားချင်လဲ... Ge Ge ကိုကြည့်ပြီးပြော"
Xiao Zhan တစ်ယောက် Yi Bo ကို သူ့ဘက်မျက်နှာမူဖို့ ဆွဲလှည့်နေပေမယ့် Yi Bo က ကိုယ်ကို တောင့်ထားတာ... ဘယ်လို လှည့်လှည့် ပါမလာဘူး