[ Zawgyi]
Xiao Zhan ပန်းချီကို လက်စသတ်ပြီး အောက်ထပ်ဆင်းလာတော့ Yi Bo က သူမာမားရဲ့ ပေါင်ကို ခေါင်းအုံးပြီး ဆိုဖာပေါ်မှာ TV ကြည့်နေကြတယ်...
သူ့အမေကျနေတာဘဲ...
" Yi Bo... စာလုပ်မယ်...အပေါ်သွားမယ် လာ.."
သူခေါ်တော့ ဖြဲဖြဲကြီး ပြုံးပြီး TV ကြည့်နေတဲ့ မျက်နှာကြီးက ဆူပုတ်ထွက်သွားတာဘဲ...
စာဆိုတာနဲ့ အဲ့သလို...
" Ge Ge ကလည်း....စာမေးပွဲက ရှေ့အပတ်ကမှ ပြီးထားတာကို.... မားရေ...ပြောပေးဦး"
သူ့အမေကို စစ်ကူလှမ်းခေါ်တော့ ဟိုက TV အကြည့်မပျက်နှင့် Xiao Zhan ကို လှမ်းဟောက်တယ်..
" အေးလေ နင်ကလည်း... ငါ့ကလေးနားပါစေဦး"
ဟော်--- ဘယ်သူ့အတွက် အာညောင်းခံနေရတာတုန်း!
" မာမားကလေးက သင်္ချာထပ်ကျလာတယ်...မာမားကလေးက.... နော်... ဒီတိုင်းဆို သူမအောင်ဘူး"
အဲ့တော့မှ Xiao Zhan မာမားလည်း TV ပိတ်လိုက်ရင်း
" Yi Bo ရယ် ကျပြန်ပြီလား? နင်ကတော့....တက္ကသိုလ်မတက်ချင်ဘူးလား ဟမ်?"
Xiao Zhan မာမားဆူတော့မှ Yi Bo တစ်ယောက် ဆူပုတ်ပုတ်နဲ့ လှဲအိပ်နေရာမှ ထတယ်...
သူပြောရင် အဖက်မလုပ်ဘူး...
သူ့ မားရောဘဲ...သူရဲ့ Drama ကို တစ်ခန်းအလွတ်မခံတဲ့ လူက Yi Bo အတွက်ဆို ပိတ်ပြီးသားဘဲ...
" သား အမှတ်တွေတက်လာတာကျ Ge Ge ကထည့်မပြောဘူး"
" တက်တာကတက်တာ.. ကျတာက ကျ...."
ring...ring....ring...
Xiao Zhan တစ်ယောက် Yi Bo ကို ပြန်ရန်တွေ့ဖို့ပြင်တုန်းမှာဘဲ သူ့အင်္ကျီ အိတ်ကပ်ထဲက ဖုန်းကို ကိုင်လိုက်တော့ သူ့ပါပါး ဖြစ်နေတယ်...
သူ့ဖခင်ဖြစ်သူက သဘောင်္ကပ္ပတိန်ဖြစ်သည့်အလျောက် ဟိုးအရင်ကထဲက လတွေကြာမှတစ်ခါ ပြန်လာတတ်တယ်...အခု သဘောင်္မလိုက်တော့ဘဲ ရုံးထိုင်ပြန်တော့လည်း ရုံးချုပ်က နိုင်ငံခြားမှာ ဖြစ်နေသည်မို့ Xiao Zhan တို့က ဖုန်းနှင့် ဆက်သွယ်တာ များတယ်..
" မားရေ....ပါးဖုန်း"
သူပြောတော့ သူ့အမေက Yi Bo ရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးနေရင်း...