"Yessssss!!!"
အိပ်ယာပေါ်လှဲရင်း ဖုန်းကြည့်နေစဉ် တက်လာသော Weibo Post တစ်ခုကြောင့် ရှောင်းကျန့် ရုတ်တရက်ထပင် ထိုင်မိကာ အပျော်လွန်၍ မွေ့ရာအိအိပေါ် ခုန်ဆွခုန်ဆွ လုပ်နေမိသည်..
စောင့်နေခဲ့ရတာကြာပြီဖြစ်သော သူ၏ idol ဖြစ်သည့်EXO အဖွဲ့ Shanghai ကို world tour လာမည်ဆိုသောကြောင့် ရှောင်းကျန့်တစ်ယောက် ပါးစပ်ပင်မစိနိုင်အောင် ဖုန်းကို ကြည့်ကာ အရူးလို ရယ်နေရင်း အိပ်ယာပေါ် လူးလိမ့်နေစဉ် ကားဟွန်းသံကြား၍ အပျော်ကလေးများ ပျက်သွားရသည်..
Baby ရောက်လာပြီမို့ စာကြည့်ခုံပေါ် အပြေးသွားကာ သင်္ချာ textbook နှင့် notebook တစ်အုပ်ကိုဖွင့်ပြီး ဟန်မပျက် စာလုပ်ချင်ယောင် ဆောင်နေသော်လည်း စိတ်က ရှေ့လ concert ကို ဘယ်လို အရောက်သွားရမလဲသာ အကြံထုတ်နေမိသည်..
Baby သည် သူ့ထက်တစ်နှစ်ငယ်သော်လည်း သူ့အား ငယ်စဉ်ကပင် ပိုးမွေးသလိုစောင့်ရှောက်ကာ အရိပ်တကြည့်ကြည့်နှင့် ချစ်ပေးသလို အချစ်ပိုလွန်းတော့လည်း မျက်ခုံး ထူထူတန်းတန်းကလေးများကို တွန့်ချိုးကာ မကြာခဏ သဝန်တတ်ပေသည်..
လိုသည်ထက်ပို၍ သည်းသည်းလှုပ်ချစ်ပြီး သဝန်တိုတတ်သော Baby ရှေ့တွင် EXO နဲ့ ပက်သက်သည်များ ခဏခဏ မပြောရဲသလို fangirls များ သောင်းချီရှိသည့် venue ထဲသို့ concert သွားကြည့်မည်ဆိုပါက ပို၍ မဖြစ်နိုင်သည်မို့ ရှောင်းကျန့် ရှေ့လအတွက် ကြိုတင်ရင်မောကာ Baby ကို တစ်ပတ်လှည့်ပြီး ခိုးထွက်နိုင်ရန် ခုတည်းက စဉ်းစားရင်း သက်မောငွေ့ငွေ့ တစ်ခု ချလိုက်မိသည်..
တံခါးဖွင့်သံကြား၍ မည်သူမှန်းတန်းသိနေသည်မို့ ဘောပင်ကို ချက်ချင်းကောက်ကိုင်ကာ ခေါင်းငုံ့ပြီး စာကို စိတ်ဝင်စားဟန်ပြုနေစဉ် နောက်ကနေ ခါးကို ရစ်သိုင်းလာသော ရင်းနှီးသည့်လက်တစ်သွယ်ကို ခံစားမိ၍ ရှောင်းကျန့်ပြုံးမိလိုက်သည်..
ခါးပေါ်က လက်တစ်စုံကို အသာအယာကိုင်ပြီး ဖြုတ်ချရင်း ကိုယ်ကို တစ်ပတ်လှည့်ကာ Baby ကို မော့ကြည့်တော့ ချစ်ရသူက သူ့မူပိုင် ခပ်ပါးပါး အပြုံးတစ်ပွင့်နှင့် မျက်ဝန်းထဲကို လှိုက်လှိုက်လဲလဲကြည့်ကာ နှုတ်ဆက်နေ၍ ချစ်ရသူ Babyရဲ့ ခါးကို ပြန်ဖက်ကာ ယုန်သွားဖြူဖြူကလေးများ စီတန်းကာ ပေါ်လာသည်အထိ ရယ်ပြရင်း ချစ်သူ့အပြုံးကို တုံ့ပြန်လိုက်သည်..
STAI LEGGENDO
CANDY JELLY SUGAR BABY( COMPLETED)
Fanfictionရှိပြီလား? ကိုယ့်ကို အလိုလည်းလိုက်၊ သဝန်တွေတိုပြီး ဂျယ်လီတွေနင်၊ တုန်နေအောင်လည်းချစ်ပေးမယ့် သကြားဖီဖီ တစ်ယောက်လောက်? ဟဲဟဲ..ကိုယ်တွေမှာတော့ ရှိတယ်.. သကြားဖီဖီတော့ မဟုတ်ဘူး.. သကြားပေပီလေး~ ^_~ Inspired by a Fic I've read ~ ^_^