CJSB💕4💕

21.9K 1.9K 165
                                    

နောက်ကနေ လှမ်းမြင်ရကတည်းက ရိပေါ်ရဲ့ မျက်ဝန်းတွေထဲ မီးဝင်းဝင်းတောက်လာတယ်။ ဒီကလေးမ မျက်နှာကို ခွေးချီသွားတောင် ရိပေါ် သိပ်မှတ်မိတာပေါ့။

ငယ်ငယ်ကတည်းက ကော နံဘေးမှာ ရိပေါ်က အမြဲ အရိပ်လိုလို ရှိနေခဲ့တာမလား။ တောက်တဲ့လေးလို
အမြဲကပ်နေခဲ့တာဆိုတော့လည်း။

ဒေါသတွေ တလိပ်လိပ်တက်လာတာမို့ ခြေလှမ်းတွေ ရပ်တန့်မိသွားတဲ့ အဲ့နေရာမှာပဲ လှမ်းကြည့်ရင်း လက်ထဲက ပေါက်စီထုပ်ကို မသိစိတ်က ရစရာမရှိအောင် ဖျစ်ညှစ်ချေမိသွားတယ်။

စိတ်ထဲမှာတော့ ယီယီပေါ့လေ။
ဖြစ်နိုင်ရင် အမှုန့်ပါ ကြိတ်ပစ်ချင်နေတာ။

ကောနဲ့ ရိပေါ်က ချစ်သူဖြစ်တာ တကယ်တော့ တစ်နှစ်ပဲ ရှိသေးတယ်။ ချစ်သူဖြစ်သွားရတဲ့ အကြောင်းရင်းကလည်း တကယ်တော့ ယီယီ ကြောင့်ပဲ။

မနှစ်က တစ်နေ့မှာ ကောနဲ့သူ ကျောင်းဝန်းထဲက ဒန်းလေးပေါ် အတူတူရှိနေတုန်း ယီယီရောက်ချလာတယ်။ ယီယီက ရှောင်းကျန့်နဲ့ တစ်နှစ်တည်း။ အထက်တန်းနောက်ဆုံးနှစ် ကျောင်းသူလေး။

မခို့တရို့နဲ့ ယီယီက ကောကို အဲ့နေ့က ရည်းစားစာ လာပေးတယ်။ ချောကလက်၊ ဝက်ဝံအရုပ်ကလေးနဲ့ ပန်းစည်းတွေတောင် ပါသေး။ ကောကလည်း ယူထားလိုက်တယ်။ မျက်နှာက ပြုံးရွှင်လို့။

သူတို့ကို မရှုစိမ့်လှစွာ ကြည့်နေရင်း စောစောက လေးတင် ကောခွံ့ပေးထားတဲ့ စတော်ဘယ်ရီသီးကို ဝါးမိတော့ ရိပေါ် အလိုမကျစွာ ထွေးထုတ်လိုက်တယ်။

ခါးလိုက်တာ! ကျစ်!

အရှက်မရှိလိုက်တာ။
သတ္တိကလည်း ကောင်းပါ့။

ရိပေါ် စိတ်ထဲတွေးလိုက်မိတယ်။
ပုံမှန်ဆို ကောနား ရိပေါ်ရှိတဲ့အချိန် ဘယ်ကျားမ မရွေး ကော အနားကို မဟပ်ရဲကြဘူး။
သူ့ကိုမထိနဲ့ လို့ ဆိုင်းဘုတ်ကပ်ထားလို ရိပေါ် မျက်နှာထားကို ကြည့်ပြီး ဘယ်သူက သွေးတိုးစမ်းရဲမှာလဲလေ။

ပိုရင်နာစရာကောင်းတာက ကောင်မလေးပေးတဲ့ လက်ဆောင်တွေကို ကောက ကြည်ကြည်ဖြူဖြူနဲ့ ယူပြီး ပြုံးပြနေတာပဲ။

CANDY JELLY SUGAR BABY( COMPLETED)Where stories live. Discover now