Birthday နီးပြီမို့လို့ ဖုန်းနဲ့ရော၊ message နဲ့ရော၊ လူကိုယ်တိုင်ရော အမြဲ အရိပ်အမြွက်ပြောပြီး သတိပေးနေသော်လည်း ဘာတစ်ခွန်းမှ မဟပဲ ရိပေါ်ဟာ အင်း၊အဲ သာ လုပ်နေလေတယ်။
ဒီရက်ပိုင်းပို၍ အလုပ်ထဲခေါင်းပုံနှစ်နေသော ရိပေါ်ကြောင့် ရှောင်းကျန့် စိတ်အားငယ်မိလာတယ်။
မချစ်တော့ဘူးလားလို့ တွေးရင်း တွေးရင်း ရင်ဘတ်ထဲ ဆစ်ခနဲ အောင့်အောင့်ကာ အခန်းထဲ ကြိတ်ငိုမိချိန်လည်း မနည်းတော့။
မနက်ဖြန်ဆို ရှောင်းကျန့် မွေးနေ့။
မားတို့က Party လေး လုပ်ပေးမယ် ပြောပေမယ့် ရှောင်းကျန့် ငြင်းမိတယ်။
သူ့ဆန္ဒက နက်ဖြန်မွေးနေ့မှာ baby နဲ့ အတူရှိရရင် အတူတူအချိန်ကုန်ရရင် လုံလောက်ပြီ။
မနက်ဖြန်အားလားလို့ message ပို့ထားပေမယ့် reply မလာသော ဖုန်းကို ကြည့်ပြီး ရှောင်းကျန့် အိပ်ယာထဲ ခွေနေလေသည်။
ဒီနှစ်အတွက် Second Semester စာမေးပွဲက လည်း ပြီးသွားပြီမို့ အာရုံစိုက်ပြီး လုပ်စရာကလည်း များများစားစား မရှိလှ။
ယွီပင်းတို့ ကျိရန်တို့နဲ့ ချိန်းပြီး ဂိမ်းဆော့ရတာလည်း စိတ်မပါ။
တစ်နေ့တစ်နေ့ သူ့အပေါ် လေစိမ်းတိုက်လာသည် ထင်သော Baby ဆီမှာသာ အာရုံက အပြည့်အဝ ကျက်စားနေလေတယ်။
နှစ်နာရီကျော် စောင့်ပြီးတာတောင် ဘာ reply မှ မလာတဲ့ ဖုန်းကို ရှောင်းကျန့် ပိတ်ချလိုက်ပြီး အိပ်သာ နေလိုက်တော့တယ်။
ခုချိန်မှာ အရာရာကို မေ့ထားချင်တယ်။
အားငယ်ပြီး ဒေါသထွက်တဲ့ အချိန်တိုင်း ဝမ်းနည်းမှုတွေဟာ မျက်ရည်ဥ အဖြစ် အသွင်ပြောင်းပြီး ကျလာတတ်တာမို့ ရှောင်းကျန့် တစ်ယောက် အိပ်ယာထဲ ကွေးကွေးလေး လှဲနေရင်း မျက်ရည်တွေ ပါးပြင်ပေါ် စီးဆင်းလာမိပြန်ပါရဲ့။
~~~
"ရှောင်းသခင်လေး! သခင်လေး! ထပါတော့!"
အိမ်အကူ ဝန်ထမ်းမလေး နှစ်ယောက်ရဲ့ နှိုးသံကြောင့် ရှောင်းကျန့် အိပ်ချင်မူးတူးနဲ့ အိပ်ယာက ထလာတယ်။
ESTÁS LEYENDO
CANDY JELLY SUGAR BABY( COMPLETED)
Fanficရှိပြီလား? ကိုယ့်ကို အလိုလည်းလိုက်၊ သဝန်တွေတိုပြီး ဂျယ်လီတွေနင်၊ တုန်နေအောင်လည်းချစ်ပေးမယ့် သကြားဖီဖီ တစ်ယောက်လောက်? ဟဲဟဲ..ကိုယ်တွေမှာတော့ ရှိတယ်.. သကြားဖီဖီတော့ မဟုတ်ဘူး.. သကြားပေပီလေး~ ^_~ Inspired by a Fic I've read ~ ^_^